Movie Name
Panthakan Rak (Hi-so Tom ရဲ့ Jerry စွာတေး)
Year
2018
Generes
Comedy, Drama, Romance
Code
ST0170
Type
Series
Size
8.55 GB
Country
Thai
Description
🐱🐻Hi-so Tom ရဲ့ Jerry စွာတေး 🐱🐻 " (completed) ဒီဇာတ်လမ်းတွဲလေးရဲ့ အကြောင်းကတော့ အမြဲ မတည့်အတူနေ မမြင်ရင် ချောင်းကြည့်ဆိုသလို ကြောင်နဲ့ကြွက်လို စွာတေးလေးနှစ်ယောက်ရဲ့ Romantic ဆန်ဆန် အချစ်ဇာတ်လမ်းလေးပဲ ဖြစ်ပါတယ်နော် ပန်တကန် ဆိုတဲ့ကောင်လေးဟာ Hi-so(သူဌေး)ရဲ့တစ်ဦးတည်းသော သားတစ်ယောက်ပေါ့.... သူဌေးသား ဖြစ်နေပြီးဆိုကတည်းက ပန်ဆိုတာက ဂျစ်ကန်ကန် ခပ်မာမာ အချေကောင်လေးပေါ့ သူ့ဖေဖေ နဲ့ မေမေ ရဲ့ ဆက်ဆံရေးရဲ့ ရိုက်ခတ်မှု သူ့ဖေဖေ အိမ်ပေါ်ခေါ်တင်ထားတဲ့ ချောမွန်ဆိုတဲ့ အမျိုးသမီး(မယားငယ်)ကို မုန်းတီးမှုတွေကြောင့် အချစ်ဆိုတာကြီးကို အယုံအကြည်မရှိလေဘူး ချစ်လည်း မချစ်တတ်ခဲ့ဘူးပေါ့ တစ်နေ့တော့ ပန်တစ်ယောက် အမေရိကကနေ ထိုင်းကို ပြန်အရောက် စားသောက်ဆိုင်မှာ bill (ကျသင့်ငွေ) ရှင်းမယ်အလုပ် ပိုက်ဆံအိတ် မေ့နေခဲ့သော အခါ ပရာဖိုင်ဆိုတဲ့ ကောင်မလေး နဲ့ တွေ့ပါလေရော...... အမှတ်မထင်တွေ့တာပေါ့ သူတို့နှစ်ဦးက...... ဒါပေမယ့် အလွဲလေးတွေကနေ အမှတ်တမဲ့ ဖြစ်ကာ ဆုံတယ်လို့ ဆိုရမှာပေါ့ ဖြစ်ပုံကတော့ ဒီလိုပါ ပရာဖိုင်ဆိုတဲ့ ကောင်မလေးက သူ့အဘိုးဖြစ်သူဆီက ရထားတဲ့ ပညာလေးတွေနဲ့ ထိုင်းအချိုပွဲတွေကို live လွှင့်ပြီး အော်ဒါတွေ လိုက်ပို့နေရတဲ့သူပေါ့ အဲ့နေ့မှာ ဖိုင်တစ်ယောက် live လွှင့်ရင်း ပန် စားနေတဲ့ ခေါက်ဆွဲကြော်ကို မမြင်ပဲ မှားစားမိလိုက်ပါတယ်...... သို့ပေမယ့် အဲ့ဒီနေ့ည ပန့် ဖေဖေ နဲ့ သူ့နောက်မိန်းမတို့ နှစ်ပတ်လည်ပွဲမှာ အဖြစ်မှန်တစ်ခုကို သိလိုက်ရပါတော့တယ် အဲ့ဒါကတော့ ဖိုင်က ပန် မုန်းတီးအမြင်ကပ်တဲ့ သူ့အဖေ ရဲ့ နောက်မိန်းမ ချောမွန်ရဲ့ တူမဆိုတာပါပဲ.... အဲ့လိုသိရပြီးတော့ ရက်အနည်းငယ်ကြာပြီးနောက် ဖိုင်က ပန့်ရဲ့ အိမ်မှာ သူ့အန်တီနဲ့ အတူလာနေမယ်ဆိုတာ သိလိုက်တော့ အရမ်းငွေမက်တဲ့ မိန်းမလို့ အထင်လွဲသွားပါလေရော နောက်ပြီးတော့ ဖို​င့်ကို အိမ်ပေါ်က ဆင်းသွားအောင် နည်းအမျိုးမျိုး သုံးကား ကြံစည်ခဲ့ပါတော့တယ်..... ယုတ်ယုတ်မာမာနည်းတော့ မဟုတ်ဘူးနော် ကလေးတွေ လို အနိုင်ယူကြတဲ့ နည်းလမ်းတွေရယ်.... အဲ့လိုနဲ့ မတည့်အတူနေ မမြင်ရရင် မနေနိုင် ကြောင်နဲ့ကြွက်ကလေးတို့ဟာ အချင်းချင်း စနောက်ကြရင်း ရန်ဖြစ်ကြရင်းနဲ့ ချစ်မိသွားပါတော့တယ် ကြားထဲမှာ အနှောက်မတွေ ဖြစ်ကြတဲ့ မင်းသမီး တစ်ယောက်နဲ့ ဆိုက်ကို(Psycho) အရူးမတစ်ယောက်လည်း ပါပါသေးတယ်.... အဲ့လိုဆိုရင် ဇာတ်လမ်းလေးက အရမ်းကို စိတ်ဝင်စားစရာလေးနော် ယူတို့လည်း စတေးဟုမ်းပြီး တဝကြီး ကြည့်လိုက်တော့နော်