Movie Name
1987 When The Day Comes (2017)
Year
2017
Generes
Drama
Code
01969
Type
Movie
Size
1 GB
Country
Korea
Description
ဒီဇာတ်ကားကို လွန်ခဲ့တဲ့နှစ်သုံးဆယ်ကာလက တောင်ကိုရီးယားနိုင်ငံမှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်အကြောင်းအရာတွေကို အခြေခံပြီးရိုက်ကူးထားပဲဖြစ်တယ်။ အဲဒီအချိန်တုန်းက တောင်ကိုရီးယားနိုင်ငံဟာ အခုလို ဖွံ့ဖြိုးပြီးနိုင်ငံမဟုတ်သေးဘူး။ စစ်အစိုးရနဲ့ အာဏာပိုင်တွေရဲ့ခေါင်းပုံဖြတ်မှုတွေကို ပြည်သူတွေလည်စင်းခံနေရတဲ့အချိန်၊ အဲဒီလိုဖိနှိပ်ချုပ်ချယ်မှုတွေကို မခံနိုင်တဲ့အဆုံးမှာ ကျောင်းသားတစ်စုဟာ စစ်အစိုးရကိုဆန့်ကျင်တဲ့အနေနဲ့ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြတော့တယ်။ အင်အားကြီးသူနိုင်စတမ်းဆိုသလို အဲဒီဆန္ဒပြမှုမှာအနိုင်ရရှိသွားသူကတော့အာဏာပိုင်တွေပါ။ ဆန္ဒပြကျောင်းသားတစ်ဦးဖြစ်တဲ့ အသက်၂၁နှစ်အရွယ် ဆိုးလ်တက္ကသိုလ်ကကျောင်းသား ပက်ဂျွန်ချောအပါအဝင်ဆန္ဒပြသူအချို့ကို အာဏာပိုင်တွေလက်ဝယ်ဖမ်းဆီးရခဲ့တယ်။ ကျုပင်ခုတ်ကျုငုတ်ပါမကျန်အောင်ရှင်းမယ်ဆိုတဲ့အကြံနဲ့အာဏာပိုင်တွေဟာ အဖမ်းဆီးခံကျောင်းသားပက်ဂျွန်ချောကို နှိပ်စက်နည်းပေါင်းစုံနဲ့နှိပ်စက်ပြီး ဆန္ဒပြမှုနဲ့ပတ်သတ်တဲ့အကြောင်းအရာတွေကို စစ်ကြောမေးမြန်းခဲ့တယ်။ % buffered 00:03 -00:00 Download Your browser does not support the video tag. ပက်ဂျွန်ချောတစ်ယောက်လည်းနှိပ်စက်မှုပေါင်းစုံကို မခံနိုင်တော့ပဲ နောက်ဆုံးမှာ အသက်ပါဆုံးရှုံးသွားတော့တယ်။ သူ့ရဲ့သေဆုံးမှုဟာ 1987 ဇွန်လမှာ တောင်ကိုရီးယားနိုင်ငံရဲ့သမိုင်းဝင်ဆန္ဒပြမှုကြီးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ ဖိနှိပ်ခံရပုံတွေ မတူညီကြပေမယ့် ပြည်သူတွေအားလုံးရဲ့ တစ်ခုတည်းသောဦးတည်ချက်ကတော့ ဒီမိုကရေစီဖော်ဆောင်ရေး၊ အဲဒီလို ပြည်သူတွေအားလုံးညီညီညွတ်ညွတ် သွေးတွေချွေးတွေနဲ့ပေးဆပ်ခဲ့တာကြောင့်လည်း တောင်ကိုရီးယားနိုင်ငံဟာ ယနေ့အချိန်မှာ ဖွံ့ဖြိုးပြီးနိုင်ငံတစ်ခု ရပ်တည်နေနိုင်တာဖြစ်ကြောင်းကိုဒီဇာတ်ကားက ကောင်းကောင်းကြီးမီးမောင်းထိုးပြနေတယ်။ ဒီဇာတ်ကားဟာ ဝေဖန်ရေးတွေအကြားမှာ အောင်မြင်ရုံသာမက ငွေကြေးပိုင်းအရလည်း တော်တော်ကြီးကိုအောင်မြင်ခဲ့တဲ့ကားပါ။ $14 သန်းရင်းထားတဲ့ဇာတ်ကားဟာ ပြည်တွင်းဝင်ငွေ $54 သန်းကျော်ရရှိခဲ့တာဟာ တော်တော်ကြောက်စရာကောင်းတဲ့အောင်မြင်မှုမျိုးပါ။ IMDB rating 8 နဲ့ RT rating 88% တောင်ရရှိထားတဲ့အတွက် လက်လွတ်မခံသင့်တဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။