Movie Name
The Fortress (2017)
Year
2017
Generes
Action, Historical
Code
01968
Type
Movie
Size
1 GB
Country
Korea
Description
Lee Byun-Hun ပါဝင်သရုပ်ဆောင်ထားတဲ့ The Fortress ဆိုတဲ့ IMDB Rating 7 အထိရရှိထားတဲ့ ကိုရီးယားရာဇဝင်ကားတစ်ကားပါ။ ကျွန်တော်တို့မြန်မာမှာက သီပေါမင်းပါတော်မူခန်းနဲ့ခပ်ဆင်ဆင်ပါပဲ။ ကျူးကျော်လာတဲ့ Qing စစ်တပ်ကို တိမ်းရှောင်ရင်း Namham ခံတပ်မှာပိတ်မိနေတဲ့ ဘုရင် Injo အကြောင်းလေးပါ။ ရန်သူတွေပတ်လည်ဝိုင်းနေတဲ့အချိန်မှာ Ming တွေနဲ့မဟာမိတ်ဖွဲ့ထားခဲ့တဲ့ Joseong တိုင်းပြည်ကဘုရင် Injo တစ်ယောက် Qing တွေကိုအညံ့ခံလိုက်ရမလား ပြန်တိုက်ရမလား ဆိုပြီးဒွီဟဖြစ်နေတဲ့ကြားမှာ အမတ်တွေရဲ့အမြင်တွေ တစ်ယောက်တစ်ပေါက်ဖြစ်နေတဲ့ လူယုံနှစ်ယောက်ရဲ့ အမြင်တွေကြားမှာကြားညပ်မိနေတာကို အပီအပြင်ဖော်ပြထားပါတယ်။ ဇာတ်ကားကခပ်အေးအေးဖြစ်ပြီး ၂နာရီစာရှိပေမယ့် ပျင်းစရာမကောင်းပဲ ဇာတ်ကားရဲ့ခေါ်ဆောင်ရာကိုစီးမျောသွားစေမှာပါ။ အမှန်နဲ့ အမှား၊ အသက်နဲ့သိက္ခာ၊ ဂုဏ်သိက္ခာမရှိတဲ့အသက်ရှင်ခြင်းနဲ့ အသက်ရှင်ခြင်းမရှိတဲ့ဂုဏ်သိက္ခာ၊ မာနကြီးမှု နဲ့လိုက်လျှောညီထွေနေတတ်မှု၊ နောက်ကျောကဓားနဲ့ထိုးတာတွေ ဓားအထိုးခံပေးမယ့်နောက်ကျောတွေ အားလုံးကိုဒီဇာတ်ကားမှာ စိတ်ဝင်စားစရာမြင်တွေ့ရမှာပါ ခင်ဗျာ