Movie Name
Heung Boo The Revolutionist (2017)
Year
2017
Generes
Historical
Code
01966
Type
Movie
Size
750 MB
Country
Korea
Description
ဒီဇာတ်ကားလေးတော့ ဓားသွားထက်ကလောင်သွားထက်တယ်ဆိုတဲ့ စကားကို သက်သေပြထားတဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းက အရွှန်းဖောက်တာလေးတွေနဲ့ ပျင်းစရာမကောင်းပဲအဆုံးထိဆွဲခေါ်သွားတဲ့ဇာတ်ကားမျိုးလေးပါ။ ဟွမ်ဘူးဆိုတဲ့ အပြာစာအုပ်တွေကိုရေးတဲ့ စာရေးဆရာအဆင့်ကနေ နိုင်ငံတစ်ခုလုံးကို ကယ်တင်နိုင်တဲ့သူဖြစ်သွားခဲ့တာကိုပြထားပါတယ်။ ဟွမ်ဘူးကတော့ သူ့အစ်ကိုနိုလ်ဘူးနဲ့ ငယ်ငယ်ကတည်းက ကွဲကွာခဲ့ရလို့ အပြာစာအုပ်တွေရေးနာမည်ကြီးအောင်လုပ်ပြီးသူ့အစ်ကိုများတွေ့မလားလို့ရှာနေတဲ့သူပါ။ တစ်ရက် သူ့အစ်ကို သတင်းကြားရကနေ သူ့အစ်ကိုတို့ရဲ့ဆရာဂျိုဟျောက်ဆိုတဲ့ စိတ်ထားပြည့်ဝတဲ့ သူတစ်ယောက်နဲ့ဆုံခဲ့ပါတယ်။ ဂျိုဟျောက်ကတော့ မင်းမျိုးမင်းနွယ်ဝန်ကြီးတစ်ယောက်ရဲ့ညီဖြစ်ပေမယ့်အဲ့ဘဝကိုစွန့်ပြီး မရှိဆင်းရဲသားတွေကိုကူညီ မိဘမဲ့လေးတွေကိုပြုစုပျိုးထောင်ပြီး တော်လှန်ရေးတပ်ဖွဲ့တွေကိုကူညီနေတာပါ။ % buffered 00:00 -00:07 Download Your browser does not support the video tag. ဂျိုဟျောက်နဲ့ ဟွမ်ဘူးနဲ့ဆုံမိတော့ ဂျိုဟျောက်ကဟွမ်ဘူးကို ဓားသွားထက် ကလောင်သွားထက်တယ်ဆိုတဲ့စိတ်ကို သွင်းပေးခဲ့ပြီး ဟွမ်ဘူးလိုချင်တဲ့ အရာတစ်ခုနဲ့ အပေးအယူလုပ်ကာ ဟွမ်ဘူးကို သရော်စာရေးစေခဲ့ပါတယ်။ ဟွမ်းဘူးရေးတဲ့ ဟွမ်းဘူးရဲ့ဇာတ်လမ်းဆိုတဲ့သရော်စာ နာမည်ကြီးသွားရာကနေစပြီး နန်းတော်တွင်းအထိပါ ဂယက်ရိုက်ကာ အပြောင်းအလဲဖြစ်စေခဲ့ပါတယ် နောက်ဆုံးမှာတော့ ဟွမ်ဘူးရဲ့ စာတွေကြောင့် ဘုရင်အပြောင်းအလဲဖြစ်ဖို့ထိ ဖန်လာတဲ့အခါမှာတော့…. ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းကိုသာဒေါင်းကြည့်ပါလို့ တိုက်တွန်းလိုက်ပါတယ်ဗျာ