Movie Name
The Bros (2017)
Year
2017
Generes
Comedy
Code
01958
Type
Movie
Size
821 MB
Country
Korea
Description
ဒါရိုက်တာ Chang You-jeong ရဲ့ လက်ရာဖြစ်ပြီး Ma Dong seok၊ Lee Dong hwi၊ Lee Ha nui တို့က အဓိက ပါဝင်သရုပ်ဆောင်ထားကြတာပါ။ ကိုရီးယားသမိုင်းဆရာ လီဆော့ဘုံဟာ အင်ဒီယားနား ဂျုံးစ်လိုမျိုး ရှေးဟောင်းသမိုင်းဖော်ထုတ်ရာမှာ အောင်မြင်ချင်တာမို့ သူပိုင်ဆိုင်သမျှငွေကြေး တွေကို ရှေးဟောင်းပစ္စည်း တူးဖော်ဖို့အတွက် အကုန်သုံးစွဲခဲ့ပါ တယ်။ အင်ဒီယားနားဂျုံးစ် လိုဖြစ်မဖြစ်တော့မသိ။ လောလောဆယ် မှာတော့ ဘာအကျိုးအမြတ်မှ မရတဲ့အပြင်အကြွေးတွေသာ ပိုလာခဲ့ပါတယ်။ ဆော့ဘုံရဲ့ညီ လီဂျူဘုံက ဆောက်လုပ်ရေးလုပ်ငန်းလုပ် ကိုင်တဲ့ ဗိသုကာတစ်ယောက်ဖြစ် ပြီး ဉာဏ်ကောင်းပြီး အကွက်မြင်သူတစ်ယောက်ပါ။ အကြွေးပတ်လည်ဝိုင်းနေတဲ့ ဆော့ဘုံအ တွက် မိဘကျန်ခဲ့တဲ့ အမွေအိမ်လေးကနေ ပိုက်ဆံရမယ့်အနေအထားရှိ နေချိန်မှာ ဂျူဘုံကတော့ အန်ဒုံအဝေးပြေးလမ်း တည်ဆောက်ရေးစီမံကိန်း တည်ဆောက်ခွင့်ရထား တာမို့ အခြေအနေချင်းက အပြတ် အသတ်ကို ကွာနေခဲ့ပါတယ်။ ဆော့ဘုံတို့ ညီအစ်ကိုဟာ တစ်ယောက်နဲ့တစ်ယောက် မ တွေ့ဖြစ်ကြပေမယ့် တစ်ရက်မှာ တော့ အန်ဒုံမှာရှိတဲ့ သူ့တို့အဖေ ဆုံးသွားတဲ့အတွက် နှစ်ယောက် သားမွေးရပ်မြေကို အတူပြန်ခဲ့ကြ ပါတယ်။ အဲဒီအပြန်လမ်းမှာ အော်ရို ရာဆိုတဲ့ ယဉ်ကျေးမှုစင်တာ ဝန် ထမ်းအမျိုးသမီးတစ်ယောက်ကို ကားနဲ့ မတော်တဆ တိုက်မိခဲ့ပါ တယ်။ ယာဉ်တိုက်မှုကြောင့် အော် ရိုရာဟာ မှတ်ဉာဏ်ချို့ယွင်းပြီး ဘာဆိုဘာမှမမှတ်မိတော့ပါဘူး။ ဒါပေမဲ့ အချိန်အနည်းငယ်ကြာ ပြီးတဲ့နောက်မှာတော့ အဲဒီထူး ဆန်းတဲ့ အမျိုးသမီးဆီကနေ သူတို့တစ်ခါမှ မကြားဖူး၊ မသိထား တဲ့သူတို့မိသားစုရဲ့လျှို့ဝှက်ချက်တစ်ခုကို သိခွင့်ရခဲ့ပါတော့တယ်။ ဆော့ဘုံတို့မိသားစုရဲ့ လျှို့ဝှက်ချက်ကဘာဖြစ်မလဲ။ ကားနဲ့ တိုက်မိခဲ့တဲ့အမျိုးသမီးက သူတို့မိသားစုနဲ့ ဘယ်လိုဆက်စပ်နေ သလဲဆိုတာ ရယ်မောရင်းနဲ့ကြည့် လိုက်ကြဦးနော်။