-
Movie Name
-
Shool Me In The Heart (2015)
-
Year
-
2015
-
Generes
-
Drama
-
Code
-
01949
-
Type
-
Movie
-
Size
-
816 MB
-
Country
-
Korea
-
Description
-
ဒီဇာတ်ကားထဲမှာဆိုရင်
မင်းသား Lee Min-ki နှင့် Yeo Jin-goo တို့က
အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“တစ်ချို့လူတွေက
ရူးလို့ အရူးဆေးရုံ(အရူးထောင်)ရောက်လာပေမယ့်
တစ်ချို့ကတော့ အရူးဆေးရုံ(အရူးထောင်)ကို
အပို့ခံလိုက်ရတာကြောင့် တကယ်ရူးသွားကြပါတယ် ”
***ဇာတ်လမ်းအညွှန်း***
Soo-myung နဲ့ Seung-Min ဆိုသော အရူးနှစ်ကောင်ဟာ
အရူးဆေးရုံ(အရူးထောင်)မှာ မထင်မှတ်ပဲတွေ့ကြတာကနေ
ဇာတ်လမ်းစထားပါတယ်။
Soo-myung ကတော့ သူအသက် ၁၉နှစ်အရွယ်တုန်းက
သူ့အမေကိုယ်ကိုကိုယ်သတ်သေတာကို
မြင်ခဲ့ရတဲ့စိတ်ဒဏ်ရာကြောင့်
ရူးသွားတဲ့အပြင် ကတ်ကြေးမြင်တိုင်း ကြောက်နေရပါတယ်။
ဒါပေမယ့် Seung-Min ကတော့ လူကောင်းနီးပါးပါ။
သူက Paraglider Champian တစ်ဦးဖြစ်ပြီး
မိသားစုပြဿနာကြောင့်မထင်မှတ်ဘဲ
အရူးဆေးရုံ(အရူးထောင်) ကို ရောက်လာခဲ့ရပါတယ်။
Soo-myung က အရင်တုန်းကတော့
ဆေရုံမှာသာ ပျော်ပြိးဆော့နေပေမယ့်
Seung-Min ရောက်လာတဲ့အခါမှာတော့
အပြောင်းအလဲကြီးဖြစ်သွားပါတယ်။
ဘာလို့လဲဆိုတော့
Seung-Min က ထိုအရူးဆေးရုံ(အရူးထောင်)မှ
ထွက်ပြေးဖို့ကြိုးစားနေလို့ပါပဲ။
ထိုနောက် Soo-myung ကပါ အတူတူထွက်ပြေးဖို့
ပြောလာခဲ့မှာဆိုရင်တော့….
ထိုအရူးနှစ်ကောင် ထိုအရူးဆေးရုံ(အရူးထောင်)မှ
ဘယ်လိုလွတ်အောင် ကြံကြမလဲ…
တစ်ခြားအရူးတွေကရော သူတို့နှစ်ယောက်ကို
လွတ်မြောက်အောင် ဘယ်လိုဘယ်လိုကူညီပေးကြမလဲ…
ဒီဇာတ်ကားထဲမှာဆိုရင်တော့ သူတို့အရူးနှစ်ယောက်ရဲ့
အလွဲလွဲအချော်ချော်ဟာသတွေ အပြင်
ပေးချင်တဲ့ Messageကိုပါ တစ်ပါတည်း ပေးသွားနိုင်သော
ဇာတ်ကားကောင်းတစ်ကားဖြစ်တာကြောင့်
တင်ဆက်ပေးလိုက်ရပါတယ်။
(အညွှန်းနှင့်ဘာသာပြန်ကတော့ SUဖြစ်ပါတယ်)