-
Movie Name
-
Love Forecast (2015)
-
Year
-
2015
-
Generes
-
Comedy, Drama, Romance
-
Code
-
01943
-
Type
-
Movie
-
Size
-
679 MB
-
Country
-
Korea
-
Description
-
ဂျန်ဆူ နှင့် ယွန်ဝူး (BFF တို့ အကြောင်း)
==========================
ဒီတစ်ခါ CM ပရိတ်သက်တွေကို ကိုရီးယား ရုပ်ရှင်တွေထဲက
BFF တွေနဲ့ သက်ဆိုင်တဲ့ ရိုမန့် ဇတ်လမ်းလေး တစ်ခုနဲ့
မိတ်ဆက်ပေးချင်ပါတယ်…
ပထမဆုံး ပြောချင်တာက ဒီဇတ်လမ်းကြည့်တော့မယ်ဆိုရင်
% buffered
00:00
-00:02
Download
Your browser does not support the video tag.
သင်နဲ့ သူငယ်ချင်း မကျ ချစ်သူမကျ ဖြစ်နေတဲ့ ပြောမနာဆိုမနာ
အချစ်ဆုံး သူငယ်ချင်းကို Mention ခေါ်လိုက်ပါ (ခေါ်ရဲလား ?) 😛
ဒီဇတ်လမ်းမှာတော့ လှလှပပ နဲ့ ချစ်ဖို့ကောင်းလွန်းတဲ့
မိုးလေဝသ သတင်းကြေငြာသူလေး ယွန်ဝူး ဆိုတဲ့
ကောင်မလေးရှိတယ် ယောကျ်ားတကာက သဲသဲလှုပ်
ချစ်ရတဲ့သူလေး တစ်ယောက်ပေါ့…
သူ့မှာ ပေါကြောင်ကြောင်နေတက်ပြီး အသဲခဏခဏ ကွဲနေတဲ့
ဂျန်ဆူး ဆိုတဲ့ ကျောင်းဆရာပေါက်စ သူငယ်ချင်း တစ်ယောက်ရှိတယ်
ဂျန်ဆူး နဲ့ ယွန်ဝူး ဆိုတာ အချစ်ဆုံးသူငယ်ချင်းတွေပါ
ငယ်ငယ်တုန်းကတော့ ယွန်ဝူးကို ဂျန်ဆူး က ချစ်ရေးဆိုဖူးတယ်
ဒါပေမယ့် ယွန်ဝူး ဆိုတာ ယောင်္ကျားလေးတွေကို အသဲကို
ကစားတက်တဲ့သူပဲလေ ဂျန်ဆူး ကို ချေထားလိုက်တာ
၁၈ နှစ်တောင် ကြာသွားခဲ့တယ်….
ဒီလောက်အချိန်တွေထိ သင်တို့ရော စောင့်နိုင်ပါ့မလား ?
အမြဲတမ်းလိုလို ဂျန်ဆူး ဟာ ယွန်ဝူး ရဲ့ အနောက်ကနေ
သူလိုအပ်သမျှ လိုက်ဖြည့်ဆည်းပေးနေခဲ့ပြီး
ယွန်ဝူးကတော့ သူလိုအပ်တဲ့အချိန်တိုင်း
ဂျန်ဆူး ကို လှမ်းခေါ်တက်ပေမယ့်
သူ ကောင်လေး အသစ်နဲ့ ချိန်းတော့မယ်ဆိုရင်
ပ ထုတ် တက်ပြန်ပါတယ်…
မိန်းကလေးတွေ ရဲ့ စိတ်ကို နားလည်ရခက်ပုံ
မိန်းကလေးတွေ က အချေ ဒီဇိုင်းလုပ်ပုံ
မိန်းကလေးတွေက ဘလာ ဘလာ
အများကြီး မြင်ရမှာပါ….
ဒီအများကြီးထဲမှာမှ ယွန်ဝူး ရဲ့ အသဲလေးကို
တစ ဆီ ချွေနိုင်တာကတော့ ယွန်ဝူး တို့ ရဲ့
ပရိုဂျူဆာကြီးပါ အိမ်ထောင်သည်ပေါ့
စကား နုနုယွယွလေးတွေ အကုန်
သူ့ပါးစပ်က ထွက်ပါတယ် ရုန်းရခက်ပါပြီ
အဲ့ဒီအချိန်မှာ သူငယ်ချင်းလဲ မဟုတ်
ချစ်သူလဲ မဟုတ်တဲ့ ဂျန်ဆူး က
ဝင်ပြီး နှောက်ယှက်ရမလား သူငယ်ချင်းရဲ့
ပျော်ရွှင်မှု အတွက် သူ့ နှလုံးသားကိုပဲ စတေးရမလား
ဆိုတာ သင်တို့လဲ အရမ်းချစ်ရတဲ့ BFF ကို အနားခေါ်ပြီး
ဒီဇတ်လမ်းလေးကို ကြည့်လိုက်ပါနော်…
BFF တိုင်း နှလုံးသားထဲက အချစ်ကို
ဖွင့်ထုတ် လက်ခံနိုင်ကြပါစေ….
ဒီရုပ်ရှင်ကားကို ဘာသာြ့ပန်ပေးထားသူကတော့
D3Mon ဖြစ်ပြီး Thit San Khant မှ
Encode ၍ တင်ဆက်ပေးထားပါတယ်
Download Nulled Scripts and Plugins