Movie Name
Little Forest (2018)
Year
2018
Generes
Drama
Code
01941
Type
Movie
Size
742 MB
Country
Korea
Description
Little Forest(2018) IMDb…7.5 တစ်ချို့သော သူတွေဟာ ပြောင်းလဲမှု ဒဏ်ကို မခံနိုင်ကြသလို ပြောင်းလဲဖို့ကိုလည်းမကြိုးစားကြဘူး… တိုးတက်ရာတိုးတက်ကြောင်းအတွက် နေရာ ဒေသ ပြောင်းလဲသင့်ပြောင်းလဲရမယ်ဆိုတာရယ် .. .ပညာရပ်တစ်ခုကို ထပ်ပေါင်းသင်ကြားရင်း အမြင့်တစ်ခုဆီကို တက်လှမ်းသင့် လှမ်းရမယ်ဆိုတာရယ် တော်တော်များများကို ကျွန်တော်တို့ပတ်ဝန်းကျင်မှာကြားနေရပါတယ်. .ဒီနေရာမှာ မေးခွန်း ထုတ်စရာရှိတာက ပျော်ရွှင်မှုဆိုတာဘာလဲ.တစ်ချို့သူတွေအတွက် ပြောင်းလဲမှုတွေကြားမှာ ပျော်ရွှင်မှုပျောက်ဆုံးနေတတ်ကြတယ်.. % buffered 00:00 -00:01 Download Your browser does not support the video tag. .တစ်ချို့တွေကတော့ ပြောင်းလဲမှုမှာ အံဝင်ခွင်ကျဖြစ်သွားကြတယ်.. ဒါကြောင့် တိုတောင်းလှတဲ့ လူ့ဘဝမှာ မိမိရဲ့ပျော်ရွှင်မှု လှပတဲ့ အနာဂတ်တစ်ခုတည်ဆောက်ဖို့ဆိုတာ မိမိရဲ့ စိတ်သန္တန်မှာပဲရှိတာပါ…တစ်ခြားသူတစ်ယောက်ရဲ့ ဘဝနေနည်း နဲ့ ချိန်ထိုးနေဖို့ မလိုပါဘူး..ဒီကိုရီးယား ဇာတ်ကားလေး ဟာ ဒီအေကြောင်းတွေကို အလှပဆုံးပုံဖော်ရိုက်ကူးထားတာပါ… ဟယ်ဝန်းဆိုတဲ့ကောင်မလေးတစ်ယောက်ဟာ သူမျှော်မှန်းထားတဲ့ ရည်မှန်းချက်ကိုရောက်ဖို့ မွေးရပ်မြေ ကျေးလက်တောရွာလေးကိုခွဲခွာပြီး မြို့ပြကို ထွက်လာခဲ့တယ် …ပြောင်းလဲမှုတွေဟာ သူ့အတွက်ခါးသီးလွန်းခဲ့တယ်…ဒါကြောင့် ရွာကလေးပြန်လာခဲ့တယ်.. သူ့ရဲ့ဒဏ်ရာတွေ မွန်းကျပ်မှုတွေကို ကုစားရင်း သူလိုအပ်နေတဲ့ ဘဝရဲ့အဖြေကို ကြိုးစားရှာဖွေပုံတွေကို ကြည့်ရှုခံစားရမှာပါ.ဒီဇာတ်ကားလေးက နာမည်ကျော် မန်ဂါ ဇာတ်လမ်းတွဲ ” Little Forest ” ကို အခြေပြုပြီးပြန်လည်ရိုက်ကူးထားတဲ့ကားလေးပါ ဂျပန်ဇာတ်ကားအနေနဲ့လည်း Little Forest: Summer & Autumn နဲ့ Little Forest: Winter & Spring ဆိုပြီး Live Action နှစ်ကားထွက်ခဲ့ပါသေးတယ်.. ဒီကိုရီးယားကားလေးမှာတော့ တစ်ကားထဲမှာပဲ အားလုံးကိုရိုက်ပြထားတာပါ..IMDb 7.5 ရရှိထားပြီး သဘာဝကျေးလက်အလှတရားတွေနဲ့ ဘဝနေပျော်မှုလေးတွေကို အနုပညာမြောက်စွာပြသထားတဲ့ ဒီကားလေးကိုခံစားကြည့်လိုက်ပါဦါ်လို့….ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ မ Nyein Nyein ဖြစ်ပါတယ်….