-
Movie Name
-
Golden Slumber (2018)
-
Year
-
2018
-
Generes
-
Action, Thriller
-
Code
-
01934
-
Type
-
Movie
-
Size
-
1 GB
-
Country
-
Korea
-
Description
-
Golden Slumber ဆိုတဲ့ဇာတ်ကားလေးကတော့2018 မှာထွက်ရှိတာတဲ့ Thriller/Action ဇာတ်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။
Rating တွေအနေနဲ့ကတော့ IMDb 5.8/10 Rotten tomatoes 71% ရရှိထားပြီး castတွေအနေနဲ့ Gang Dong Won နဲ့ Han Hyo Joo တို့အဓိကပါဝင်ထားကြတာပဲ ဖြစ်ပါတယ်။
နိုင်ငံရေးလောကအကြောင်းတွေ နိုင်ငံရေးလှည့်ကွက်တွေအကြောင်း ကိုတွေ့ရမှာဖြစ်ပြီး စွပ်စွဲခံရတဲ့ လူငယ်လေးတစ်ယောက်ရဲ့ မိမိရဲ့ ရိုးသားမှုကိုသက်သေပြဖို့ကြိုးစားပုံကို တွေ့မြင်ရမှာဖြစ်ပါတယ်။
ကိုယ်ကလွဲရင် ဘယ်သူ့ကိုမှယုံကြည်လို့မရဘူးဆိုတာကိုဒီကားလေးကပြောပြပေးသွားမှာပါ။
ကင်ဂွမ်ဝူးဟာ သာမန်ပစ္စည်းပို့သမားလေးဖြစ်ပြီး ရိုးသားကြိုးစားပြီး သူတစ်ပါးကိုလည်းတတ်နိုင်သမျှကူညီတတ်သူတစ်ယောက်ဖြစ်ပါတယ်။
ကြင်နာတတ်ပြီး သူငယ်ချင်းတွေကိုလည်း အလွန်သံယောဇဉ်ရှိသူဖြစ်ပါတယ်။
% buffered
00:00
-00:08
Download
Your browser does not support the video tag.
အဆိုတော်မလေးတစ်ယောက်ကို အကြမ်းဖက်မှုမှကယ်တင်ခဲ့ချိန်မှစလို့ သူဟာ စံပြနိုင်ငံသားဆုကို ရပြီးလူအများရဲ့စိတ်ဝင်စားမှုကိုရရှိခဲ့ပါတယ်။
ဒါပေမယ့်သူဟာ နိုင်ငံရေးသမားတွေရဲ့ သားကောင်ဖြစ်နေမှန်း သူ့ကိုယ်သူမသိခဲ့ရှာပါဘူး။
တစ်နေ့ သမ္မတလောင်းကိုယ်စားလှယ် အသတ်ခံရမှုမှာ မတရားစွပ်စွဲခံရကာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။
ရိုးအတဲ့ ကင်ဂွမ်ဝူး တစ်ယောက် သူ့ရိုးသားမှုကို ပြန်လည်ဖော်ထုတ်နိုင်မလား၊
နောက်ဆုံးမှာ အာဏာရှိသူကပဲ အနိုင်ရသွားမလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။