-
Movie Name
-
The Untamed
-
Year
-
2019
-
Generes
-
Action, Drama, Historical
-
Code
-
SC0172
-
Type
-
Series
-
Size
-
14 GB
-
Country
-
China
-
Description
-
ဒီတစ်ခါ ICE Chinese Series Page မှတင်ဆက်ပေးမယ်ကားကတော့
The Untamed ဆိုတဲ့ Chinese Series လေးပါနော်
ကျင့်ကြံခြင်းလောက(သူတော်လောက)ရှိ ထိပ်သီးဂိုဏ်းငါးဂိုဏ်းဖြစ်တဲ့
ဝမ်ဂိုဏ်း လန်ဂိုဏ်း ကျင်းဂိုဏ်း ကျန်းဂိုဏ်း နျဲ့ဂိုဏ်း
အဲဒီဂိုဏ်းကြီးငါဂိုဏ်းထဲကမှာ ဝမ်ဂိုဏ်းကကျင့်ကြံခြင်းလောကတစ်ခုလုံးကိုအုပ်စိုးဖို့ကြံစည်လာတဲ့အခါ
(ဂိုဏ်းကြီးငါးဂိုဏ်း-ချီရှန်းဝမ်ဂိုဏ်း ကူးစူးလန်ဂိုဏ်း လန်လင့်ကျင်းဂိုဏ်း ယွင်မုန့်ကျန်းဂိုဏ်း ချင်းဟယ်နျဲ့ဂိုဏ်း)
အဲဒီပဋိပက္ခကြားထဲမှာ
မိစ္စာကျင့်စဉ်တွေကိုကိုရွံရှာမုန်းတီးတဲ့ သမာသမတ်ကျင့်ကြံခြင်းလောက(သူတော်လောက)မှာ မိစ္စာစွမ်းအင်ကျင့်ကြံသူတစ်ယောက်ပေါ်ထွက်လာခဲ့တယ်
သူကရီလင်အကြီးအကဲ(ရီလင်လောင်ဇူး)ဝေ့ဝူရှန့်
ရီလင်အကြီးအကဲနဲ့ကျင့်ကြံခြင်းဂိုဏ်းတွေအားလုံးစုပေါင်း၍ ဝမ်ဂိုဏ်းကိုအမြစ်ဖြုတ်တိုက်ခိုက်တဲ့ နေမင်းဖြိုခွင်းတိုက်ပွဲ
ဆင်နွဲခဲ့ကြတယ်
နေမင်းဖြိုခွင်းတိုက်ပွဲအပြီးမှာကော ကျင့်ကြံခြင်းလောကတစ်ခုလုံးအေးချမ်းသာယာနိုင်ပြီလား
ကျင့်ကြံခြင်းလောက(သူတော်လောကမှာ)သူလိုမိစ္ဆာကျင့်ကြံသူတစ်ယောက်ကို လူတွေကကောဒီတိုင်းလက်ခံနိုင်ပါ့မလား
ထင်သလိုဖြစ်မလာခဲ့ပေ
မိစ္စာကျင့်ကြံသူဟူသည့်အမည်နာမတစ်ခုတည်းကြောင့်ပင် တစ်လောကလုံး၏လေးစားကြောက်ရွံခြင်းကိုခံနေရသည့် ရီလင်းအကြီးအကဲ'ဝေ့ဝူရှန့်'ကို
အကြောင်းအမျိုးမျိုးကြောင့် တလောကလုံးက ဝိုင်းဝန်းသတ်ဖြတ်ခဲ့ကြတယ်
ဝေ့ဝူရှန့်သေဆုံးပြီး ၁၆နှစ်ကြာမြင့်ပြီးနောက်
လူတစ်ယောက်၏ဆင့်ခေါ်မှုကြောင့် အဲဒီလူရဲ့ကိုယ်မှာပြန်ဝင်စားလာခဲ့တယ်
ဝေ့ဝူရှန့် ပြန်ဝင်စားလာရခြင်းရဲ့နောက်ကွယ်က တကယ့်အမှန်တရားကဘာများလဲ?
ဝေ့ဝူရှန့်ကိုမုန်းတီးနေကြသူတွေကဘယ်သူတွေလဲ?
ဝေ့ဝူရှန့်ပြန်လာဖို့စောင့်ဆိုင်းနေကြသူတွေကကောဘယ်သူတွေများလဲ?
ပြန်ဝင်စားလာပြီးနောက် ဘာတွေများဆက်ဖြစ်ကြမလဲ?
ကျင့်ကြံခြင်းလောကရဲ့အရှုပ်အထွေးတွေ အားပြိုင်မှုတွေ အမုန်းတရားကြားထဲကသံယောဇဉ်တွေအကြောင်းကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်
မူရင်းဝတ္ထုကBLဖြစ်ပေမယ့် အခုကားကတော့Bromanceလောက်ပဲပါမယ်ထင်ပါတယ် တရုတ်ကနဂိုတည်းကဆင်ဆာတွေများလို့ပါ
ICE Chinese Series Page မှဘာသာပြန်တင်ဆက်သည်၊၊