-
Movie Name
-
Finding Mr Destiny (2011)
-
Year
-
2011
-
Generes
-
Comedy, Romance
-
Code
-
01933
-
Type
-
Movie
-
Size
-
939 MB
-
Country
-
Korea
-
Description
-
ဒီကားကတော့ Kim Joon Ok Chatgiဆိုတဲ့musical playကို adaptationလုပ်ပြီးပြန်ရိုက်ထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။
Box office မှာလည်း 7.5millionsထိရရှိခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။
Romance/Comedyဖြစ်ပြီးတော့ ဇာတ်ဝင်ခန်းတွေကလည်းတော်တော်ရယ်ရတဲ့အပြင်
အိန္ဒိယနိုင်ငံမှာရိုက်ကူးထားတဲ့sceneတွေလည်းပါတာမို့ ကြည့်ရကျိုးနပ်စေမဲ့ဇာတ်ကားတစ်ကားဖြစ်မှာပါ။
Male lead ဟန်ဂီဂျွန်းအဖြစ် ဆယ်ကျော်သက်အမျိုးသမီးလေးတွေရဲ့အချစ်တော် ဦး Gong Yooကပါဝင်သရုပ်ဆောင်ထားပါတယ်။
*ဆောဂျီဝူး*ဆိုတဲ့မိန်းကလေးက ရှိုးပွဲမန်နေဂျာတစ်ယောက်ပါ။
သူက’ကံကိုယုံပြီးဆူးပုံနင်း’ဆိုသလို ကံကိုအလွန်အမင်းယုံကြည်ပုံအပ်ထားတတ်တဲ့သူမျိုးပါ။
လွန်ခဲ့တဲ့၁၀နှစ်တုန်းက အိန္ဒိယကိုအလည်သွားစဉ်မှာ ကင်ဂျုံဝုဆိုတဲ့သူ့အချစ်ဦးကိုစတွေ့ခဲ့ပြီး
ခရီးစဉ်အတွင်းမှာပဲသူနဲ့ချစ်သူတွေဖြစ်ခဲ့ပါတယ်။
ဒီလူဟာသူ့ရဲ့Mr.destinyဟုတ်မဟုတ်စမ်းသပ်ချင်တဲ့ဂျီဝူးက သူတို့နှစ်ယောက်ကိုရီးယားကိုပြန်ရောက်ရင်တွေ့မယ်ဆိုပြီး
ချိန်းဆိုထားတဲ့နေရာကိုရောက်အောင်မသွားခဲ့ပါဘူး။
ဒီလိုနဲ့ပဲသူ့အချစ်ဦးနဲ့အဆက်အသွယ်ပြတ်ကာ ၁၀နှစ်လုံးသူ့ရဲ့အလုပ်ထဲမှာပဲစိတ်နှစ်ထားပြီး
ပြင်ပြင်ဆင်ဆင်လည်းမရှိ၊အချစ်ရေးကိုလည်းစိတ်မဝင်စားတဲ့သူတစ်ယောက်ဖြစ်လာပါတယ်။
% buffered
00:06
-00:02
Download
Your browser does not support the video tag.
*ဟန်ဂီဂျွန်း*ကတော့ ခရီးသွားအေဂျင်စီမှာအလုပ်လုပ်တဲ့အေးဂျင့်တစ်ယောက်ပါ။
သူ့ရဲ့ရိုးသားလွန်းပြီးခရီးသွားတွေအပေါ်အလွန်အမင်းစိုးရိမ်ပေးတတ်တဲ့စိတ်ကြောင့်ဖောက်သည်တွေပျက်ရတဲ့အတွက် အလုပ်ထုတ်ခံရပါတယ်။
ဒါနဲ့သူလည်းနောက်အလုပ်သစ်ရှာရင်း “အချစ်ဦးရှာဖွေရေးအကျိုးဆောင်လုပ်ငန်း”ကိုစတင်လိုက်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့ဒီလိုပါ –
အချစ်ဦးကိုမေ့မရနိုင်ဖြစ်ပြီးလက်ထပ်ဖို့နောက်ကျနေတဲ့ဆောဂျီဝူးအတွက်စိတ်ပူတဲ့သူ့အဖေက
ဂျီဝူးကျေနပ်အောင်သူ့အချစ်ဦးကိုရှာပေးဖို့ ဂီဂျွန်းရဲ့အကျိုးဆောင်လုပ်ငန်းဆီရောက်လာပါတယ်။
ဒီလိုနဲ့သူတို့နှစ်ယောက်ဟာ ဘယ်ဆီရောက်နေမှန်းမသိတဲ့”ကင်ဂျုံဝု”ကို နာမည်တစ်ခုတည်းနဲ့တစ်နိုင်ငံလုံးနှံ့အောင်အတူတူလိုက်ရှာကြတာတွေကို
ဟာသတွေရော romanceတွေနဲ့ပါကြည့်ရှုရမှာပါ။
ကင်ဂျုံဝုနဲ့ဂျီဝူးဘာလို့ကွဲသွားလဲဆိုတာကိုသိရရင်ဒေါသဖြစ်မိနိုင်ပေမဲ့
ဇာတ်သိမ်းပိုင်းမှာတော့ဂျီဝူးရဲ့Mr.destinyအစစ်ကဘယ်သူလဲ
ဘယ်လိုကြောင့်လဲဆိုတာကိုသိရရင် ကျေနပ်မိမှာပါ။
ဂျီဝူးတစ်ယောက် “ကံကြမ္မာကိုယုံကြည်မိတာမှန်လားမှားလား”သိချင်ရင်တော့ ဒီကားလေးထဲမှာဆက်လက်ကြည့်ရှုကြပါဦးနော်။
( အညွှန်းရေးသားထားသူကတော့ Ingyin San ဖြစ်ပါတယ် )