-
Movie Name
-
Anarchist From Colony (2017)
-
Year
-
2017
-
Generes
-
Biography, Drama
-
Code
-
01892
-
Type
-
Movie
-
Size
-
0.99 GB
-
Country
-
Korea
-
Description
-
Anarchist from Colony” ဇာတ်ကားဟာ Park Yeolလို့ခေါ်တဲ့ ဘုရင်စနစ်ကို မုန်းတီးတဲ့ မင်းမဲ့ဝါဒီတစ်ယောက်အကြောင်းရိုက်ကူးထားတဲ့ ဖြစ်ရန်မှန်ရုပ်ရှင်ဖြစ်ပါတယ်… 2017, Juneလတုန်းက ရုံတင်ထားတာပါ… ဒီဇာတ်ကားဟာ ကိုရီးယားနိုင်ငံ ဂျပန်လက်အောက်ကိုကျရောက်နေတဲ့ 1923ခုနှစ်ကာလကို ဇာတ်အိမ်တည်ထားတာဖြစ်ပါတယ်… Park Yeol ဟာ ကိုရီးယားလူမျိုး14ယောက်နဲ့ဂျပန်လူမျိုး5ယောက်ပါဝင်တဲ့ “The Revolt”ဆိုတဲ့တော်လှန်ရေးအဖွဲ့ကို ဖွဲ့စည်းထားခဲ့ပြီးတော့ မင်းမဲ့ဝါဒီသမားတစ်ယောက်ဖြစ်တဲ့အတိုင်း ဂျပန်အိမ်ရှေ့မင်းသား Hirohitoကိုလုပ်ကြံဖို့ကြိုးစားခဲ့တယ်… အဲ့ဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဂျပန်မှာ Kentoငလျင်ကြီး အပြင်းအထန်လှုပ်ခတ်သွားခဲ့တဲ့အတွက် အခြေအနေတွေပြောင်းလဲကုန်ပါတယ်… အပြစ်မဲ့တဲ့ကိုရီးယားလူမျိုးထောင်နဲ့ချီပြီး ဂျပန်တွေရက်ရက်စက်စက်သတ်တာခံခဲ့ကြရတယ်… ဒီကားမှာ ဂျပန်တွေရဲ့လူမဆန်မှုတွေကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရလို့ ကိုရီးယားတွေကို ကရုဏာသက်နေတဲ့ဂျပန်မလေး Kaneko Fumikoနဲ့ Park Yeolတို့ရဲ့အချစ်ဇာတ်လမ်းကိုပါတွေ့ကြရမှာပါ…
ကိုရီးယားလူမျိုးတွေကိုအစုလိုက်အပြုံလိုက်သတ်တဲ့ကိစ္စကို နိုင်ငံတကာမသိအောင် အာရုံလွှဲချင်တဲ့ ဂျပန်အစိုးရက ဘာတွေဆက်လုပ်မလဲ…Park Yeolတို့ကရော ဒီကိစ္စကို ကမ္ဘာကသိသွားအောင် ဘယ်လိုကြိုးစားမလဲဆိုတာကိုတော့ ဆက်လက်ရှုစားကြပါ
ဒီဇာတ်ကားမှာ Park Yeol အဖြစ် Lee Jae Hoonနဲ့
Kaneko Fumiko အဖြစ် Choi Hee Seoတို့က သရုပ်ဆောင်ထားပါတယ်