-
Movie Name
-
Daddy You, Daughter Me (2017)
-
Year
-
2017
-
Generes
-
Comedy, Drama
-
Code
-
01895
-
Type
-
Movie
-
Size
-
854 MB
-
Country
-
Korea
-
Description
-
ဒီကားလေးကတော့ အဖေနဲ့သမီး ၇ရက်တာ စိတ်ပြောင်းသွားတဲ့အကြောင်းလေးကို ဂျပန်ဝတ္တုတစ်ပုဒ်ကိုမှီငြမ်းပြီး ရိုက်ကူးထားတာပါ။
ဖခင်နဲ့ဆယ်ကျော်သက်အရွယ်သမီးကြားက ဆက်ဆံရေးကိုရိုက်ကူးထားတဲ့အတွက် ပျင်းစရာကြီးလို့တော့မထင်နဲ့နော်။
စိတ်ချင်းပြောင်းသွားတဲ့ အဖြစ်အပျက်လေးကို ဟာသလေးများနဲ့ ရယ်မောစရာရိုက်ကူးတင်ဆက်ထားတဲ့ Drama,comedyကားလေးမို့ အရမ်းကိုရယ်ရပါတယ်။
ဒိုယွန်း(Jung So Min)ကစာကျက်ဖို့ပဲပြောနေတဲ့အဖေ(Yoon Je Moon) နဲ့အဆင်မပြေတဲ့ အထက်တန်းကျောင်းသူတစ်ယောက်ပါ။
အဘိုးအိမ်ကနေပြန်တဲ့လမ်းမှာ သားအဖနှစ်ယောက်စကားများကြရင်း နေရာချင်းလဲချင်တဲ့အကြောင်းပြောမိကြပါတယ်။
သူတို့ရဲ့စိတ်ဆန္ဒတွေကို ဆုတောင်းပြည့်သစ်ပင်ကြီးအောက်မှာပြောမိလို့ သူတို့စကားတွေဟာ အတည်ဖြစ်လာခဲ့ပါတယ်။
ဆက်ဆံရေးအဆင်မပြေပေမယ့် ၇ရက်အတွင်းရန်မဖြစ်မှ ပုံမှန်ခန္ဓာပြန်ရမယ်ဆိုတဲ့အဖိုးရဲ့စကားကြောင့် သားအဖနှစ်ယောက်သင့်သင့်မြတ်မြတ်နေကြရင်းဆယ်ကျော်သက်ကောင်မလေး ဒိုယွန်းတစ်ယောက် သူ့အဖေခန္ဓာကိုယ်နဲ့ ကုမ္ပဏီကိစ္စတွေကို ဘယ်လိုဖြေရှင်းမလဲ???
ဒိုယွန်းရဲ့ခက်ခဲလှတဲ့စာတွေကိုရော ဖခင်ဝန်းဆောင်းထယ်တစ်ယောက် အဆင်ပြေပြေပြေကျက်မှတ်နိုင်ပါ့မလား???
သမီးကိုသူ့ထက်ပိုချစ်တဲ့သူရှိလာမှာစိုးရိမ်နေတဲ့ ဖခင် ဝန်းဆောင်းထယ်တစ်ယောက် ဒိုယွန်းကြိတ်ကြိုက်နေရတဲ့ စီနီယာနဲ့အဆင်ပြေပါ့မလား???
စတဲ့ဇာတ်ဝင်ခန်းလေးတွေကို ဟာသပြကွက်လေးနဲ့ဖော်ပြထားပြီး ဖခင်နဲ့သမီးအကြားဆက်ဆံရေးကို ပေါ်လွင်အောင်ဖော်ပြထားတဲ့အတွက်အနှစ်သာရရှိတဲ့ကားလေးပါ။
ဒါ့အပြင် ဟန်ဆောင်အနမ်းဆိုတဲ့ကားလေးနဲ့ ပရိသတ်ရင်ခွင်ထဲရောက်လာတဲ့ မင်းသမီး Jung So Min ရဲ့ကားလေးမို့ So Min Fanတွေအတွက် လက်မလွှတ်သင့်တဲ့ဇာတ်ကားကောင်းလေးတစ်ကားပါ