Movie Name
Be With You (2017)
Year
2017
Generes
Fantasy, Romance
Code
01927
Type
Movie
Size
716 MB
Country
Korea
Description
Be with you ဆိုတဲ့ကိုရီးယားကားလေးကတော့ စာရေးဆရာ Takuji Ichikawa ရေးသားထားတဲ့ ဝတ္ထုကိုရိုက်ကူးထားတဲ့ 2004 ခုနှစ်က ထွက်ရှိထားတဲ့ ဂျပန်ကားလေးကို ပြန်လည်ရိုက်ကူးထားခြင်းပဲဖြစ်ပါတယ် ဒီဇာတ်ကားမှာတော့ မိဘမေတ္တာ၊မိသားစုမေတ္တာ၊ ချစ်သူနှစ်ဦးရဲ့သံယောဇဉ်နဲ့ အမေ မရှိတော့တဲ့ကလေးတစ်ယောက်ရဲ့ခံစားချက်တွေ…..ရသပေါင်းစုံကိုပေးတဲ့ဇာတ်ကားကောင်းလေးပါ အသက် ၇ နှစ်အရွယ်မှာ အမေဆုံးရှုံးလိုက်ရလို့ အမေဟာ မိုးရာသီရောက်တဲ့အခါ မိုးစက်ရထားကိုစီးပြီး တိမ်လွှာတိုင်းပြည်ကနေ သူ့ဆီကိုပြန်လာမယ်ဆိုတဲ့ ပုံပြင်စာအုပ်ထဲကအတွေးတွေ အမြဲတမ်းရှိနေတဲ့ ဂျီဟို၊ ဒီလိုနဲ့ မိုးရာသီရောက်တဲ့အခါ ပုံပြင်ထဲကအတိုင်း တကယ် သူ့အမေပြန်လာတာကို တွေ့လိုက်ရတဲ့အခါ ဝမ်းသာမဆုံး၊မယုံနိုင်ဖြစ်ခဲ့ရတဲ့ သားအဖနှစ်ယောက် သို့သော်လည်း အမေဖြစ်သူကတော့ ဘာမှမမှတ်မိနိုင်ပဲ မှတ်ဉာဏ်တွေပျောက်ဆုံးနေခဲ့တယ် သူ့အမေနဲ့တစ်ပုံစံတည်းတူတဲ့သူဟာ တကယ်ပဲ တိမ်လွှာတိုင်းပြည်ကနေ ပြန်လာခဲ့တာလား……