Movie Name
Along With The Gods The Last 49 Days (2018)
Year
2018
Generes
Action, Fantasy
Code
01923
Type
Movie
Size
1 GB
Country
Korea
Description
အားလုံးစောင့်မျှော်နေကြတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ စိတ်ကူးယဉ်အက်ရှင်ဒရာမာ ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်….. မြန်မာပရိသတ်သဘောကျခဲ့တဲ့ Along With The Gods ဇာတ်ကားရဲ့ အဆက်အဖြစ် ထွက်ရှိလာတာ လည်း ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ အဓိကပါဝင်ထားသူတွေကHa Jung Woo, Ju Ji Hoon, Kim Hyang Gi, Ma Dong Seok, Kim Dong Wookစသူတွေပဲဖြစ်ပါတယ်။ မရဏတိုင်းပြည်က အ စောင့်အရှောက်သုံးဦးဖြစ်တဲ့ ဂမ် ရင်း၊ ဟယ်ဝန်မက်နဲ့ လီဒေါ့ချွန်း တို့ဟာ သူတို့ရဲ့ ၄၉ ဦးမြောက် ဝိညာဉ်ဖြစ်တဲ့ကင်ဆိုဟုန်ကို မြေ အောက်ကမ္ဘာကို လမ်းပြပို့ဆောင် ပေးရမယ့်အကြောင်း တင်ဆက် ထားတာပါ။ ကင်ဆိုဟုန်ဟာ အရင်ဇာတ် ကားထဲက မီးသတ်သမား ဂျာဟုန် ရဲ့ ညီတပ်သားဆိုဟုန်ဖြစ်ပြီးဂမ် ရင်းဦးဆောင်တဲ့ အစောင့်အ ရှောက်သုံးဦးဟာ ဆိုဟုန်ရဲ့ ဝိညာဉ်ကိုလည်းမရဏကမ္ဘာမှာ တရားစီရင်ဖို့အတွက် ပို့ဆောင် ပေးခဲ့ပြန်ပါတယ်။ % buffered 00:00 -00:04 Download Your browser does not support the video tag. ဒီလိုနဲ့ မရဏကမ္ဘာမှာ အ ဆင့်ဆင့်ဖြတ်သန်းရင်း ဆိုဟုန် ဟာ God of House နဲ့ ဆုံခဲ့ပါ တယ်။ အဲဒီနတ်ဘုရားကလူတွေ ရဲ့ အတိတ်ကို သိနိုင်ပြီးနှစ်ပေါင်း ၁,၀၀၀ ကျော်ကာလအထိကို သိနိုင်တာပါ။ လက်ရှိကမ္ဘာ၊ နောက်သွား ရမယ့်ကမ္ဘာနဲ့ ပြီးခဲ့တဲ့အတိတ် ကမ္ဘာတွေကို ခရီးနှင်ရင်း မရဏ အစောင့်အရှောက်တွေဟာ သူ တို့တွေရဲ့ အတိတ်ဘဝက လျှို့ ဝှက်ချက်တွေကိုပါ သိရှိခဲ့ပါ တယ်။ လူသားတွေအပေါ် ကြင်နာ တတ်တဲ့ အစောင့်အရှောက်သုံးဦး ဟာ ဒီတစ်ခါမှာလည်း ဝိညာဉ် ဆိုဟုန် ငရဲမကျဖို့အတွက် ကူညီ ဖြေရှင်းပေးပြန်ပါတယ်။ အရင်ဇာတ်လမ်းနဲ့ ပုံစံခပ် ဆင်ဆင်ဖြစ်နေပေမယ့်လို့ တပ် သားဆိုဟုန်ရဲ့ မရဏတိုင်းပြည် က ၄၉ ရက်တာ စွန့်စားခန်းကို ဘယ်လိုခွဲထွက်ထားသလဲဆိုတာ ကြည့်ဖို့ဖော်ပြလိုက်ပါတယ်… (ဇာတ်လမ်းအညွှန်းကိုတော့ 7daydaily Website မှကူးယူဖော်ပြထားတာဖြစ်ပြီး ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင်ပါ)