Movie Name
A Moment To Remember (2004)
Year
2004
Generes
Drama, Romance
Code
01922
Type
Movie
Size
520 MB
Country
Korea
Description
အချစ်စစ်ဆိုတာကို သိမြင်ဖို့လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်ပါတယ် အချစ်ကို အကြိုက်နဲ့ရောထွေးနေတဲ့ အရေခြုံအချစ်တွေလည်းရှိပါတယ် ဘာကြောင့်ညာကြောင့်ချစ်တယ်ဆိုတာတွေကျွန်တော်တို့အများကြီးကြားနေရတယ် အကြိုက်နဲ့ချစ်လိုက်ပြီဆိုရင် အတူယှဉ်တွဲပါလာတာက မာနပါပဲ မာနတွေနဲ့ ဘောင်ခတ်ပြီးမြင်နေရင်တော့အချစ်စစ်မဟုတ်ပါဘူး အချစ်စစ်ဆိုတာ ပေးဆပ်မှုတွေနဲ့ကိုယ်ချစ်တဲ့သူ ကို စိတ်ချမ်းသာစေပြီး အမြင့်ကိုရောက်သွား စေဖို့ပဲ ဆန္ဒရှိပါတယ် ဒီကိုရီးယားကားလေးထဲမှာ အချစ်စစ်ဆိုတာမျိုးတွေ တွေ့မြင်ရပါတယ် ကောင်လေးက သာမန်လက်သမားဆရာလေးတစ်ယောက် ငယ်ငယ်လေးထဲက အဖေဆုံးသွားတဲ့အပြင် အမေက ဘယ်အရပ်ဘယ်ဒေသရောက်နေမှန်းမသိ ကောင်မလေးကအစစအရာရာသူ့ထက်သာပါတယ် အဖေက ဆောက်လုပ် ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သလို သင့်တင့်တဲ့ငွေရေးကြေးရေး အသိုင်းအဝန်းရှိပါတယ် သူတို့၂ယောက်ဟာ တစ်နေ့ စတိုးဆိုင်လေးတစ်ဆိုင်မှာ ဆုံခဲ့ကြတယ် ဒီလိုနဲ့ပဲ………. တကယ်တော့ ဒီဇတ်ကားလေးဟာ သာမန်ကိုရီးယားအချစ်ဇတ်လမ်းပါပဲ ဘဝကိုနာကျဉ်းချက်တွေရှိတဲ့ဂျစ်ကန်ကန်ကောင်လေးတစ်ယောက်ဟာ အချစ်ကြောင့်ပြောင်းလဲလာပုံတွေ တွေ့ရတယ် မိဘတွေတွေဟာ ကိုယ့်သားသမီးကို အမြင့်ဆုံးဖြစ်စေချင်ပေမဲ့ နောက်ဆုံးသားသမီး ဆန္ဒကိုဦးစားပေးတဲ့ မေတ္တာတရား တွေကိုလည်းတွေ့နိုင်တယ် ကောင်လေးနဲ့ကောင်မလေးဟာ အချစ်အတွက် ပေးဆပ်ပုံလေးတွေကိုလည်းတွေ့မြင်ရမှာပါ အထူးသဖြင့် အပြစ်ကင်းကင်းနဲ့ ပွင့်လင်းရိုးသားတဲ့စရိုက်ပုံစံသရုပ်ဆောင်တဲ့ Ye-jin Sonက ချီးကျူးဖို့ကောင်းပါတယ် နောက်ခံတေး ဖျော့ဖျော့လေးတွေနဲ့ စီးမျောလို့ကောင်းတဲ့ ဇတ်ကားဆိုတာတော့ IMDb 8.2ဆိုတာကြည့်ရုံနဲ့လုံလောက်ပါတယ် ဟုတ်ကဲ့ ခံစားကြည့်လိုက်ပါဦးဗျာ ….. ဒီကားလေးရဲ့အညွှန်းကိုရေးသားပေးတဲ့သူကတော့ Aung Pyay ဖြစ်ပြီး ခံစားဘာသာပြန်ပေးထားတာကတော့ Phyo Pyae နဲ့ Aung Pyay ပဲဖြစ်ပါတယ်…