-
Movie Name
-
Luck-Key (2016)
-
Year
-
2016
-
Generes
-
Action, Comedy, Crime
-
Code
-
01900
-
Type
-
Movie
-
Size
-
816 MB
-
Country
-
Korea
-
Description
-
Luck-Key(2016)
ယွန်းဂျယ်ဆောင်းဆိုတဲ့လူငယ်လေးတစ်ယောက်ဟာ
အလုပ်မှန်သမျှာမှာလည်း မအောင်မြင် အကြွေးတွေကလည်း ပတ်လည်ဝိုင်း ဂရုစိုက်မယ့်သူ
လည်းမရှိ တွယ်ရမဲ့စုတ်ပြတ်နေတဲ့ဘဝကြောင့် ကိုယ့်ကိုကိုယ် သတ်သေဖို့အထိတောင်ကြိုးစားဖူးတယ်…
သို့ပေမယ့် မလုပ်ဖြစ် ဒီလိုနဲ့ တစ်နေ့တော့ အများသုံးရေချိုးကန်ကိုသွားရေချိုးဖြစ်တယ်…
သူရေသွားချိုးတဲ့အချိန် လူတစ်ယောက်ကိုသတိထားမိသွားတယ်…
% buffered
00:00
-00:01
Download
Your browser does not support the video tag.
အဝတ်အစားနဲ့ ပတ်တဲ့နာရီကိုကြည့်ရုံနဲ့ အရမ်းချမ်သာပုံရတဲ့လူတစ်ယောက်ကို
ဆိုပါတော့… အဲ့ဒီလူဟာ တိုက်ဆိုင်စွာပဲ ရေချိုးခန်းထဲမှာ ဆပ်ပြာတုံးတစ်တုံးကြောင့် လဲကျပြီး ခေါင်းနဲ့ကြမ်းပြင်ကိုရိုက်မိကာ
ဆေးရုံရောက်သွားတယ်…စိတ်ဓာတ်ပျက်ယွန်းဂျယ်ဆောင်းတစ်ယောက် လဲကျနေတဲ့သူရဲ့
ရေချိုးခန်းအဝတ်အစားထားတဲ့အခန်းသော့ကို ချက်ချင်းလဲလိုက်တယ်..
တခြားသူက ဆေးရုံရောက်သွားပေမယ့် ယွန်းဂျယ်ဆောင်းအတွက်တကယ့်ပွပေါက်ပဲ..
.နာရီအကောင်းစား ပိုက်ဆံအိပ်ထဲလည်း ပိုက်ဆံအပြည့်ပါတဲ့အပြင်
ကားအကောင်းစားရဲ့ GPS ကလည်း တန်ဘိုးကြီးမြင့်လွန်းတဲ့အိမ်ဆီကိုရောက်သွားစေတယ်…
ယွန်းဂျယ်ဆောင်းဟာ ပစ္စည်းတွေပြန်ပေးဖို့လုပ်ပေမယ့် ပိုင်ရှင်ဖြစ်တဲ့သူဟာ ကြမ်းပြင်နဲ့ရိုက်မိတဲ့ဒဏ်ကြောင့် အတိတ်မေ့သွားတယ်…
ပြောရရင် လူချင်းချိန်းလိုက်သလိုဖြစ်သွားတာကို အခွင့်ကောင်းယူပြီး ယွန်းဂျယ်ဆောင်းဟာ တခြားသူတိုက်ခန်းမှာ ခပ်တည်တည်သွားနေလေရဲ့…
သူ့အပျော်တွေဟာ သိပ်တော့ကြာကြာမခံပါဘူး…တိုက်ခန်းပိုင်ရှင်ဖြစ်တဲ့အတိတ်မေ့နေတဲ့သူဟာ
လက်နက်ပေါင်းစုံ လူမိုက်တွေနဲ့ဆက်သွယ်ထားတဲ့ အချက်အလက်ပေါင်းစုံ
Passport ပေါင်းများစွာရှိနေတဲ့ ကြေးစားလူသတ်သမားအဖြစ်သိရှိပြီးတဲ့နောက်
ယွန်းဂျယ်ဆောင်းတစ်ယောက် ဘယ်လိုရှေ့ဆက်မလဲ…အတိတ်မေ့သွားတဲ့ လူမိုက်ကြီးကရော ဘယ်လိုရှေ့ဆက်မလဲ…
ဘယ်လိုအန္တရယ်တွေကရော သူတို့ကို ဆီးကြိုနေမလဲ…