Movie Name
Mood Of The Day (2016)
Year
2016
Generes
Comedy, Romance
Code
01902
Type
Movie
Size
829 MB
Country
Korea
Description
Mood of the day ဇာတ်ကားဟာဆိုရင် ၂၀၁၆ ခုနှစ်မှာထွက်ရှိခဲ့ပြီး IMDb Ratting 6.7 ရရှိထားပါတယ် Oldboy,A Weresolf boy တို့နှင့်လူသိများသော မင်းသား Yeon-Seok Yooနှင့်War of arrows ဇာတ်ကားထဲမှ မင်းသမီး Chae-won Moonတို့ ပါဝင်သရုပ်ဆောင်ထားပါတယ် အချစ်ဆိုတဲ့အရာဟာ ရက်တွေလတွေနှစ်တွေကြာအောင် ချစ်ကြသည့်တိုင်အောင် အချစ်စစ်ဆိုတာတကယ်ဖြစ်လာနိုင်သလား…… အချစ်စစ်ဆိုတာဟာ အဲ့လောက်အချိန်တွေအများကြီးမကြာနိုင်ပေမယ့်လည်း တစ်ရက်တည်းနဲ့တကယ့်အချစ်ဖြစ်သွားနိုင်တယ်ဆိုတာကို ပေါ်လွင်အောင် ရိုက်ပြထားတဲ့ဇာတ်ကားတကားဖြစ်ပါတယ်…. ဇာတ်လမ်းအကျဉ်းကိုပြောရမယ်ဆိုရင် မိန်းကလေးတွေဆိုရင်အပျော်သာ သဘောထားပြီး အချစ်ဆိုတာကိုအလေးမထားတဲ့ မင်းသား ဂျေဟွန်း(နဲ့ တယောက်တည်းကိုသာ လေးလေးနက်နက်ထားချစ်တတ်တဲ့မင်းသမီး ဆိုဂျန်(Chae-won Moon)ဟာ မိမိတို့ရဲ့အလုပ်ကိစ္စနဲ့အတူ တိုက်တိုက်ဆိုင်ဆိုင်တွေ့ဆုံကြပါတော့တယ်… နှစ်ယောက်စလုံးရဲ့အလုပ်ကိစ္စက နာမည်ကျော်ဘက်စဘော်ကစားသမား ကင်ဂျင်ချွဲဆိုသူကို ရှာဖွေဖို့ပဲဖြစ်တယ်….တရက်တည်းပဲတွေ့ဆုံပြီး ဘက်စကစ်ဘော်ကစားသမားတယောက်ကိုရှာဖွေရင်း တင်္ဂလေးအတွင်းမှာပဲ တယောက်နဲ့တယောက် ဖွင့်ပြောပြလို့မရတဲ့ သံယောဇဉ်တွေဖြစ်သွားတဲ့အခါမှာတော့… မင်းသားကရော သူ့ရဲ့အကျင့်ဆိုးတွေကို ပြင်နိုင်မှာလား… မင်းသမီးကရော သူ့ရဲ့အနှစ်နှစ်အလလချစ်ရတဲ့ချစ်သူကိုစွန့်လွှတ်နိုင်မှာလားဆိုတာကို Romance ဆန်ဆန်နဲ့ ကြည်ကြည်နူးနူးကြည့်ရှုရမယ့် Drama ကားကောင်းတစ်ကားပဲဖြစ်ပါတယ်…