Movie Name
My Annoying Brother (2016)
Year
2016
Generes
Comedy, Drama
Code
01903
Type
Movie
Size
912 MB
Country
Korea
Description
ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးတွေဖြစ်တဲ့ Jung Seok..Do Kyung Soo နဲ့ မင်းသမီးချောလေး Park Shin Hye တို့ ပါဝင်ရိုက်ကူးထားတဲ့ ၂၀၁၆ ခုနှစ် ထွက်ရှိထားတဲ့ နာမည်ကြီးဇာတ်ကားတစ်ကားပါ ဂိုဒိုယောင်းဟာ နိုင်ငံလက်ရွေးစင်အားကစားသမားတစ်ယောက်ပါ % buffered 00:00 -00:08 Download Your browser does not support the video tag. တနေ့မှာ သူဟာ အမှတ်မထင်ပဲ ပြိုင်ပွဲယှဉ်ပြိုင်ရင်းနဲ့ ထိခိုက်မိရာက မျက်စိကွယ်သွားခဲ့ပါတယ် သူ့မှာ ဂိုဒိုဆောင်း ဆိုတဲ့ လိမ်လည်မှုတွေနဲ့ ထောင်ကျနေတဲ့အကိုတစ်ယောက်ရှိပါတယ် ဂိုဒိုယောင်းဟာ မျက်စိကွယ်သွားပြီးစောင့်ရှောက်ပေးဖို့ လူလိုလာတဲ့ အတွက်ကြောင့် သူ့အကိုဟာ သူ့ကို အကြောင်းပြပြီး ထောင်ကလွတ်လာခဲ့ပါတယ် တဖက်မှာလည်း ဂိုဒိုယောင်း ကို အရင်ကတည်းက လေ့ကျင့်ပေးနေတဲ့ နည်းပြ နမ် ကလည်း သူ့ကို မသန်စွမ်း အားကစား အဖွဲ့ထဲကို ဝင်ပြီး ပြန်ပြီးလေ့ကျင့်ဖို့ကို တိုက်တွန်းနေပါတယ် တဖြည်းဖြည်း အနေကြာလာတဲ့ အခါမှာတော့ ဂိုဒိုဆောင်းတစ်ယောက် သူ့ညီလေးကို သံယောဇဉ်ဖြစ်လာခဲ့ပါတယ် ဒါပေမယ့် မထင်မှတ်ထားတဲ့ ကံကြမ္မာတစ်ခု ဝင်လာတဲ့ အခါမှာ အကိုဖြစ်သူဟာ မကြာခင်မှာ သေဆုံးဖို့ ဖြစ်လာခဲ့ပါတယ်… အကို ကြီးဟာ သူ့ညီလေးကို သူမရှိရင်လည်း ရဲရဲဝံဝံနေထိုင်ပြီး အောင်မြင်မှု့တွေ ရဖို့အတွက် ဂျူဒိုကို ပြန်ပြီး ကစားခိုင်းခဲ့ပါတယ် ဒါနဲ့ပဲ ဂိုဒယ်ယောင်းတစ်ယောက်ဟာ နည်းပြနမ် နဲ့အတူလက်တွဲပီး မသန်စွမ်း အားကစားအဖွဲ့ထဲကို ဝင်ရောက် လေ့ကျင့်မှု့တွေ လုပ်ပြီးတဲ့အခါ ဂျူဒို ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတော့တယ် သူဟာ သူ့အကိုဆီကို ရွှေတံဆိပ်ယူပြီး ပြန်လာခဲ့မယ်ဆိုပြီးလည်း ပြောခဲ့ပါသေးတယ်… ဒါပေမယ့် သူ့မသိလိုက်တဲ့ သူ့အကိုကြီးရဲ့ အခြေအနေက ……. ညီအကိုနှစ်ယောက်ရဲ့ သံယောဇဉ်ကို ဝမ်းနည်းစရာလေး ဖြစ်အောင် ရိုက်ကူးထားတဲ့ကားလေးပါ…