Movie Name
Tientsin Mystic
Year
2019
Generes
Action, Crime, Historical
Code
SC0174
Type
Series
Size
30.3 GB
Country
China
Description
Unicode အခုတစ်ခါ Ice Chinese Series Page ကနေ တင်ဆက်သွားမဲ့ဇာတ်ကားလေးကတော့ မှုခင်းနဲ့ လျှို့ဝှက်ဆန်းကြယ်မှုတွေကို ကြိုက်နှစ်သက်ကြတဲ့ ပရိတ်သတ်တွေအတွက် အခုတလောမှာ အရမ်းကိုနာမည်ကြီးနေတဲ့ Go Go Squid ရဲ့မင်းသား Li xian ပါဝင်တဲ့ Tientsin Mystic ဆိုတဲ့ကားလေးပဲဖြစ်ပါတယ်။ ဇာတ်ကားလေးရဲ့ review အကျဉ်းကတော့.... ထျန်ကျင်းမြို့မှာဖြစ်ပေါ်လာတဲ့ မှုခင်းပြဿနာများ.... သင်္ဘောကုမ္ပဏီဥက္ကဌရဲ့ သေဆုံးမှုနောက်ကွယ်က ဖြစ်ရပ်မှန်က ဘာဖြစ်မလဲ... လျှို့ဝှက်ဆန်းကြယ်စွာဖြစ်ပေါ်လာနဲ့မှုခင်းတွေကို မှုခင်းဆရာဝန်ဖြစ်တဲ့ သင်းမောင်နဲ့ ရေကိုကျွမ်းကျင်နိုင်နင်းပြီး မြစ်နတ်ဘုရားလို့ ခေါ်ဆိုကြတဲ့ ကော်သဲယို့(li xian)တို့နှစ်ယောက် ဘယ်လိုတွေဖြေရှင်းကြမှာလဲ.... စတာတွေကို ရင်ခုန်စိတ်လှုပ်ရှားဖွယ်ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ် ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာသရုပ်ဆောင်တတ်တဲ့ Li xian နဲ့ Zhang Ming En တို့ရဲ့ အတွဲညီညီသရုပ်ဆောင်ပုံတွေ။ လျှို့ဝှက်သည်းဖိုနိုင်တဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကြောင့် လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး အပိုင်း ၂၄ ပိုင်းပါဝင်ပါတယ် (Review ရေးသူရဲ့ ကိုယ်ပိုင်အမြင်လေးပါ 😁😁😁 Li Xian ကို medical examiner dr. Qin ဇာတ်ကားမှာကတည်းက သရုပ်ဆောင်ပီပြင်လို့စပြီးသဘောကျခဲ့တာပေမယ့် ဇာတ်လမ်းကို သိပ်မကြိုက်ပါဘူး။ ဒီဇာတ်ကားကတော့ ဇာတ်လမ်းဖွဲ့စည်းပုံရောကောင်းတာမို့ လက်မလွှတ်တမ်းကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ခုဖြစ်ကြောင်း ညွှန်းပေးချင်ပါတယ်)