Movie Name
Part Time Spy (2017)
Year
2017
Generes
Action, Comedy
Code
01906
Type
Movie
Size
840 MB
Country
Korea
Description
Korea movies fan တို့အတွက် ၂၀၁၇ မတ်လကမှ ရုံတင်တဲ့ Action/comedy အမျိုးအစား ဇာတ်ကားလေးကို ဦးဦးဖျားဖျား တင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့- ကိုးရီးယားမှာ Voice phishing scammers လို့ခေါ်တဲ့ဖုန်း၊ အင်တာနက်တွေနဲ့ချိတ်ဆက်ပြီး ကိုယ်ရဲ့ Personal အချက်အလက်တွေရယူပြီး % buffered 00:00 -00:06 Download Your browser does not support the video tag. အကြောင်းအမျိုးမျိုးပြနဲ့ လူတွေဆီကနေ ငွေတွေလိမ်ယူနေတဲ့သူတွေ ရှိပါတယ်။ ဒီလို လိမ်ယူတဲ့ သူတွေက Call Center လိုကုမ္ပဏီတောင် ထောင်ပြီးလိမ်စားနေကြတာပါ။ လူတွေရဲ့ လိုချင်လောဘကို ပျော့ကွက်အနေနဲ့နင်းပြီး လုပ်စားနေကြပါတယ်။ တစ်နေ့တော့ National Security Agengy ရဲ့ညွှန်မှူးတစ်ယောက် ဒေါ်လာ ၅ သိန်းလောက်အလိမ်ခံလိုက်ရပါတယ်။ ဂျန်ရှီးယောင်းကတော့ NSA ကနှစ်နှစ်စာချုပ်နဲ့ ယာယီခန့်ထားတဲ့ တုံးတုံးအအ ဝန်ထမ်းမိန်းကလေး တစ်ယောက်ပါ။ အလုပ်လက်မဲ့နှုန်းမြင့်မားနေတဲ့ ကိုရီးယားမှာ ခက်ခက်ခဲခဲ ကြိုးစားရင်းမှ ဒီနေရာကိုရခဲ့သူတစ်ယောက်။ လောလောလတ်လတ်ပဲ စာချုပ်မပြည့်ခင်မှာ အလုပ်ထုတ်ခံလိုက် ရပါတယ်။ ညွှန်မှူးက သူအလိမ်ခံလိုက်ရတဲ့ငွေတွေ ပြန်ယူဖို့ အေးဂျင့်တွေ ရှာမရတဲ့အဆုံးမှာတော့ ဂျန်ရှီးယောင်းကိုပဲ ဒီကုမ္ပဏီထဲကို သူလျှိုလုပ်ဖို့ လွတ်လိုက်ပါတယ်။ အောင်မြင်အောင်လုပ်နိုင်ရင် အမြဲတမ်းဝန်ထမ်း တစ်နေရာပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ စုံထောက် နာဂျောင်အာ ကတော့ ရုပ်ရည်ချောမောပြီး ဒေါသကြီးတတ်တဲ့ ခပ်မိုက်မိုက် အထူးစုံစမ်းစစ်ဆေးရေးက ရဲမေလေးတစ်ယောက်ပါ။ သူလည်း ဒီကုမ္ပဏီက လူလိမ်တွေကို သက်သေအပြည့်အစုံနဲ့ ဖမ်းနိုင်ဖို့ Undercoverအနေနဲ့ရောက်နေပါတယ်။ တုံးတုံးအအ ဂျန်ယောင်ရှီးနဲ့ ခပ်ထက်ထက် စုံထောက်နာဂျောင်အာတို့ ဘယ်လိုများ စုံစမ်းဖေါ်ထုတ်ကြလဲဆိုတာကိုတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုခံစားလိုက်ပါ။ အခုဆိုရင် ဒီလိုဖုန်းထဲက လိမ်တာတွေက ကိုရီးယားမှာတင် မကတော့ပါဘူး။ ကျွန်တော်တို့ဆီမှာလည်း ဒီလိုမျိူး ခပ်ဆင်ဆင် Online ပေါ်လိမ်စားညာစားနေတဲ့သူတွေ တစ်ပုံကြီးရှိနေပါပြီ။ ဒီဇာတ်လမ်းမှာ လူလိမ်တွေရဲ့ လိမ်ပုံလိမ်နည်းတွေကိုလည်းကြည့်ပြီး ကိုယ်တိုင်လည်း ဒီလိုအလိမ်မခံရအောင် ရှောင်ရှားနိုင်ကြပါစေ…