Movie Name
Zombie Detective
Year
2020
Generes
Comedy, Fantasy, Sci-Fi
Code
SKR0391
Type
Series
Size
3.01 GB
Country
Korea
Description
Zombie Detective(2020) (1-12) complete အရမ်းခွီရတဲ့ စုံထောက်ဇာတ်လမ်းတွဲ အသစ်လေး ဇွန်ဘီ ကား တွေကိုမှ ကြည့်ချင်တဲ့ သူတွေအတွက် ဇွန်ဘီတစ်ကောင်က စုံထောက်ဖြစ်လာချိန်မှာ ဟာသတွေနဲ့အတူ ကြည့်ရမဲ့ ကားလေးပါ။ ဇာတ်လမ်းက Kim Moo Young(Choi Jin Hyuk) က ဇွန်ဘီတစ်ကောင်ဖြစ်နေခဲ့ပါတယ်။၂နှစ်ကြာပြီး သူ့ရဲ့ မှတ်ဉာဏ်တွေက ပျောက်ဆုံးလာတဲ့ နောက် ပုံမှန်လူတစ်ယောက်လို မရ ရအောင်နေထိုင်ရင်း အလွတ်တန်း သီးသန့် စုံထောက်ဖြစ်လာခဲ့သူပါ။ကံမကောင်းချင်တော့ သူ ဇွန်ဘီမဖြစ်သွားခင်က အတိတ်က အကြောင်းတွေကို မမှတ်မိတော့လို့ လူသားတွေနဲ့အဆင်ပြေပြေ နေထိုင်နေဖို့ အတိတ်က အကြောင်းတွေကို ပြန်လည်ရှာဖွေနေသူပေါ့။ Gong Seon Ji(Park Ju Hyun)က အမှုတွေတရားမျှတဖို့အတွက် စုံစမ်းဖော်ထုတ်ပေးတဲ့စာနယ်ဇင်းမှာ စာရေးဆရာမတစ်ယောက်ပါ။အမှုတစ်ခုကို စုံစမ်းနေရင်း အမှုရဲ့သက်သေတစ်ဦးက ထူးဆန်းစွာပဲ အမည်တပ်လို့မရတဲ့ တစ်ဦးရဲ့ တိုက်ခိုက်ခံလိုက်ရတဲ့နောက် အလုပ်ထွက်ပြီး အလွတ်တမ်းစုံထောက်လုပ်တဲ့ ရုံးမှာ အချိန်ပိုင်း လုပ်ရင်း ဇွန်ဘီ Kim Moo Youngနဲ့ တွေ့ဖို့ဖြစ်လာတဲ့နောက် ဟာသတွေနဲ့ အတူ အမှုတွေကို စုံစမ်းကြပါတော့တယ်။ Kim Moo Young ကကော ဘာကြောင့် ဇွန်ဘီတစ်ကောင်ဖြစ်သွားရတာလဲ။ လူသားတစ်ယောက်ကော ဖြစ်လာနိူင်တဲ့ အခွင့်အရေးကို သူ့မှာ ရှိနိူင်မလား။ Gong Seon Ji ရဲ့ သက်သေကို တိုက်ခိုက်ခဲ့သူဟာ ဇွန်ဘီတစ်ကောင်ဖြစ်နေမလား။ Handsomeဖြစ်တဲ့ ဇွန်ဘီ Moo Youngကကော ဘယ်လိုဟာသတွေနဲ့ အမှုကို စုံစမ်းဖော်ထုတ်မလဲ။ လူသားနဲ့ ဇွန်ဘီကြားထဲမှာကော ဖြစ်လာမဲ့ ပြသာနာတွေက ဘာဖြစ်မလဲဆိုတာကိုတော့ KBS2ကနေ 21-September-2020 မှာ တနင်္လာနဲ့ အင်္ဂါနေ့တိုင်း ထုတ်လွှင့်သွားမှာပါ။အပိုင်း ၁၂ပိုင်း ပဲ ရှိမဲ့ Comedy ဇွန်ဘီကားပါ။ဘာသာပြန်ကိုတော့ GC Dramaပေစ့် မှာ တင်ပေးသွားမှာပါ။ #drfone