Movie Name
Surrogates (2009)
Year
2009
Generes
Action, Sci-Fi, Thriller
Code
04984
Type
Movie
Size
765 MB
Country
Hollywood
Description
အနာဂါတ် ကာလတစ်ခုမှာပါ။ စက်ရုပ်နည်းပညာတွေက အရမ်းကို အဆင့်မြင့်လာကြပါပြီ။ လူခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို အစားထိုးနိုင်တာက စပြီးတော့ လူတစ်ကိုယ်လုံးကိုပါ အစားထိုးပြီး နေနိုင်အောင်နည်းပညာတွေက အဆင့်မြင့်နေပါပြီ။ ဒီနည်းပညာကတော့ Surrogate လို့ ခေါ်တဲ့ လူနေရာမှာ စက်ရုပ်တွေ အစားထိုးတဲ့နည်းပညာပါ။ လူတွေက ထိန်း ချုပ်တဲ့ ခလုပ်ခုံမှာသက်တောင့်သက်သာနဲ့ ထိုင်နေပြီး လုပ်စရာရှိတဲ့ အလုပ်တွေကို စက်ရုပ်တွေနဲ့ အစားထိုးပြီး အလုပ်လုပ်ကြပါတယ်။ စက်ရုပ်တွေက ထိတွေ့မှု၊ အနံ့၊ အရသာတွေကိုပါ အာရုံ ခံစားနိုင်တဲ့အတွက် လူတွေက အိမ်ထဲကနေ အိမ်ပြင်မထွက်ဘဲ ကိုယ်တိုင် အပြင်မှာ ရောက်နေသလို ပြုမူလုပ်ဆောင်နိုင်ကြပါတယ်။ စက်ရုပ်တစ်ရုပ်ရဲ့ အကြမ်းပတမ်းခံနိုင်မှု၊ လုပ်နိုင်စွမ်းအားတွေကို လူသားဦးနှောက်နဲ့ အသုံးချနိုင်တဲ့အတွက် အရာရာကအဆင်ပြေနေပါတယ်။ ကံမကောင်းအကြောင်း မလှလို့ မတော်တဆမှုတစ်ခုခုနဲ့ ကြုံမယ်ဆိုရင်လည်း ထိခိုက်မိတာက စက်ရုပ်ဖြစ်တဲ့အတွက် ထိန်းချုပ် သူ စက်ရုပ်ပိုင်ရှင်ကတော့ အိမ်ထဲမှာ ဘေးရန်မသီမခရှိနေမှာပါ။ ဒါပေမဲ့ ဒီစက်ရုပ်တွေကို ဆန့်ကျင်နေ ကြတဲ့ လူတွေလည်းရှိလာပါတယ်။ စက်တွေက လူသားတွေရဲ့ ဖြစ်တည်မှုကို တန်ဖိုးလျော့သွားစေတယ် လို့မြင်တဲ့ လူတစ်စုက စက်ရုပ်သုံးစွဲတာကို ပြင်းပြင်းထန်ထန် ဆန့်ကျင် ကန့်ကွက်ကြပေမဲ့ သဘောတူညီ မှုထားပြီး သီးခြားစီနေကြပါတယ်။ ဒါက ပေါက်ကွဲခါနီး ဗုံးတစ်လုံးလိုပါပဲ။ ဆန့်ကျင်သူတွေနဲ့ စက်ရုပ်အသုံးပြုသူတွေ ကြားမှာ အခြေအနေတွေ တစ်စထက်တစ်စတင်းမာလာတဲ့အချိန်မှာပဲ လူအစားထိုးစက်ရုပ်တွေဖျက်စီးခံရ ပြီး အသုံးပြုတဲ့သူကိုပါ သေ စေနိုင်လောက်တဲ့ မှုခင်းတစ်ခုဖြစ်သွားခဲ့ပါတယ်။ ဒီအမှုမှာ နစ်နာသူကတော့ လူအစားထိုးစက်ရုပ်တွေရဲ့ ဖခင်လို့ပြောလို့ရလောက်တဲ့ လီယိုနယ် ကန်တာ ရဲ့ တစ်ဦးတည်းသောသားပဲဖြစ်ပါတယ်။တစ်ဦးတည်းသောသား ဆုံးရှုံးထားရတဲ့သူချင်း စာနာမိတဲ့ FBI Agent Greer(Bruce Willis) က တရားခံကိုရှာရင်း စက်ရုပ်သုံးစွဲမှုကို ကန့်ကွက်သူတွေ နေတဲ့ နေရာထဲကို ဝင်သွားမိပြီး ပေါက်လုစဲစဲဗုံးကို ကွဲအောင်လုပ်မိသလိုဖြစ်သွားပါတယ်။ ဒီလို တစ်ဖက်နဲ့တစ်ဖက် အခြေအနေတင်းမာနေတဲ့ကြားက Agent Greer တစ်ယောက် တရားခံကို ရှာရင်း စက်ရုပ်ကိုတင်မဟုတ်ဘဲ အသုံးပြုသူကိုပါ သတ်နိုင်တဲ့ လက်နက်ကိုရှာရင်း ဘာတွေဖြစ်လာမလဲဆိုတာကို ဇာတ်ကားမှာပဲ ဆက်ကြည့်လိုက်ကြပါတော့။ ၂၀၀၉ ခုနှစ်ကထွက်ရှိခဲ့တဲ့ မင်းသားကြီး Bruce Willis သရုပ်ဆောင်ထားတဲ့ ဇာတ်ကားဖြစ်ပြီး IMDb Rating 6.3/10 နဲ့ Voting ပေါင်းများစွာရရှိထားပါတယ်။ (ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ဘာသာပြန်ရေးသားပေးသူကတော့ d3mon ပဲဖြစ်ပါတယ်။)