-
Movie Name
-
အနိုင်မခံအရှုံးမပေး
-
Year
-
2020
-
Generes
-
Comedy, Drama, Romance
-
Code
-
ST0171
-
Type
-
Series
-
Size
-
6.39 GB
-
Country
-
Thai
-
Description
-
"အနိုင်မခံအရှုံးမပေး"
မြန်မာစာတန်းထိုး(စ/ဆုံး)
Casts
ပဝီးအဖြစ် Ko Vasin
နစ်အဖြစ် Pinkploy
ဖန် အဖြစ် Kana Rinyarat
ဇာတ်လမ်းအကျဥ်း-
သတင်းထောက်မလေး နစ် တစ်ယောက် ရှပ်ပြာပြာနိုင်ပြီး ကားမတော်တဆတစ်ခုမှာ ကားနံပတ်ချင်းမှားပြီး ပဝီးအဖေဖြစ်သူ သေဆုံးပြီလို့ သတင်းမှားရေးမိရာက အလုပ်ပြုတ်ရုံသာမက ပဝီးနဲ့လည်း ရန်စတစ်ခု အစပျိုးမိလာပါတယ်
နစ်တစ်ယောက် ပဝီးတို့သတင်းတွေစုံစမ်းရင်း ပဝီးမိခင်ဖြစ်သူ ရွန်ထစ်က သတင်းကြားရသလို သေဆုံးခြင်းမဟုတ်ပဲ ယောက်ျားဖြစ်သူ ရှုပ်ပွေမှုကြောင့် စိတ်ကျန်းမာရေးဆေးရုံ တက်နေရကြောင်း သိရှိခဲ့ရတယ်
ပဝီးမှာ ချစ်သူဖြစ်သူ ဖန်ရှိနေပြီး အရမ်းမောက်မာတတ်တဲ့သူတစ်ယောက်ပေါ့
နစ်အစ်မဖြစ်သူကလည်း ကျေးဇူးကြွေးတစ်ခုကြောင့် မရုန်းနိုင်ပဲ ဖန့်အဖေရဲ့ မယားငယ်ဖြစ်နေသူတစ်ယောက်ပါ
ပဝီးသိရချိန်မှာ နစ်တို့ မျိုးရိုးမကောင်းကြောင်း လူလိမ်မဖြစ်ကြောင်း စွပ်စွဲချက်တွေနဲ့ နစ်အပေါ် မုန်းတီးမှုပိုများလာရပါတော့တယ်
အဖြစ်အပျက်များစွာဖြစ်ပြီးတော့ ပဝီးအမေဖြစ်သူက နစ်ကို သဘောကျခဲ့ပြီး နစ်နဲ့လက်ထပ်ရင် အိမ်ပြန်လာဖို့ သဘောတူခဲ့တာကြောင့် မိဘတွေမျက်နှာနဲ့ နစ်နဲ့ လက်ထပ်လိုက်ရပါတော့တယ်
ဖန်ကိုတော့ မကြာခင် နစ်နဲ့ကွာပြီး လက်ထပ်ပါ့မယ် ကတိပေးခဲ့တယ်
လင်မယားကြားလိုက်ရှုပ်နေတတ်တဲ့ ဖန်ကြောင့် နစ်နဲ့ ပဝီးတို့ အချစ်ရေးက သာယာပါ့မလား
ကြောင်နဲ့ကြွက်လို တကျက်ကျက်ဖြစ်နေတဲ့ သူတို့စုံတွဲ အမုန်းကနေ အချစ်ကိုပြောင်းသွားမလားဆိုတာ
" အနိုင်မခံ အရှုံးမပေး" ဇာတ်လမ်းတွဲမှာ ကြည့်ရှုကြရအောင်နော်