Movie Name
မိုးကောင်းကင်မှာသာတဲ့နေမင်း (Fah Mee Tawan) (နေမင်းဖမ်းစားသောမိန်းမပျို)
Year
2020
Generes
Drama, Romance
Code
ST0176
Type
Series
Size
7.49 GB
Country
Thai
Description
⛅ မိုးကောင်းကင်မှာသာတဲ့နေမင်း ⛅ (completed) ဇာတ်လမ်းအကျဉ်းလေးကတော့ "ပေါ်"ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့ ကလဲ့စားပြန်ချေတဲ့အကြောင်းလေးပါ "ပေါ်" ဆိုတဲ့ ကောင်လေးက ဖခင်ဖြစ်သူ "ပါရာမီ"ရဲ့ သားတစ်ယောက်ပါ အရင်တစ်ချိန်တွေက "‌ပေါ်"ဆိုတာ သူ့ဖေဖေရဲ့အချစ်တုံးလေးဖြစ်ခဲ့ကာ သူ့မေမေနဲ့အတူ ပျော်ရွှင်မိသားစုဘဝလေးမှာနေခဲ့ရပါတယ် အဲ့ဒီအချိန်တွေက "နက်စာလောင်" ဆိုတဲ့ အမျိုးသမီးတစ်ယောက် သူ့ဖေဖေ ရင်ခွင်ထဲကို ရောက်မလာခင်ထိပေါ့ အဲ့ဒီမိန်းမက သူ့မေမေရဲ့နေရာကို လုယူရုံသာမက ပေါ် နဲ့ သူ့မေမေကို အိမ်ပေါ်ကနေ နှင်ထုတ် သူ့မေမေကို သေအောင် နည်းအမျိုးမျိုးကြံစည်ခဲ့ပါတော့တယ် အဲ့ဒီနောက်မှာတော့ အသိဦးလေးတစ်ယောက်က ပေါ်တို့ သားအမိနှစ်ယောက်ကို ဟောင်ကောင်ကို ခေါ်သွားပါခဲ့တော့တယ် အနှစ်နှစ်ဆယ်ကြာပြီးတဲ့နောက်မှာ နက်စာလောင်ဆိုတဲ့ အမျိုးသမီးကို လက်စားချေဖို့နဲ့ သူ့မေမေ ပိုင်ဆိုင်သမျှအရာအားလုံးကို လုယူဖို့ ထိုင်းကို ပြန်လာပါတော့တယ် နက်စာလောင်ဆိုတဲ့ အမျိုးသမီးကို လက်စားချေဖို့အတွက် သူနဲ့အနေနီးအောင် ဖန်တီးခဲ့ပါတော့တယ် ဒါပေမယ့် အမှတ်မထင် သူ့ဖေဖေရဲ့ မွေးစားသမီးလေး နိုင်နက်ဖာဆိုတဲ့ ကောင်မလေးကို ချစ်မိသွားပါတော့တယ် ဒါ့အပြင် နက်စာလောင်ချစ်သူဖြစ်တဲ့ သူ့ဦးလေး စင်ကုန်မှာလည်း နိုင်နက်ဖာကို အကြံကြီးကြံထားခဲ့ပါတယ် ရှုပ်ထွေးနေတဲ့ ပြဿနာတွေအကြားမှာ ပေါ်တစ်ယောက် နက်စာလောင့်ကို လက်စားချေနိုင်ပါ့မလား သူ ချစ်ရတဲ့မိန်းကလေး နိုင်နက်ဖာကိုရော အဲ့ဒီအရှုပ်အထွေးတွေကြားက ကယ်တင်နိုင်ပါ့မလား ဆိုတာ စိတ်ဝင်စားဖွင်စောင့်မျှော်ကြည့်ရှုပေးပါနော် Original Song Tracks