Movie Name
Kor Kerd Mai Klai Klai Ter (ဘဝဆက်တိုင်းမင်းအနားမှာ နေပါရစေ)
Year
2020
Generes
Drama, Romance
Code
ST0177
Type
Series
Size
10.9 GB
Country
Thai
Description
[Unicode] ” ဘဝဆက်တိုင်းမင်းအနားမှာ နေပါရစေ” Casts ချုမ် အဖြစ် Tor Thanapob အွန်ရဖီ အဖြစ် Aff Taksaorn ဖတ်ခ် အဖြစ် Two Popetorn နီရာနတ် အဖြစ် Natharika ဖမ် အဖြစ် Neng Saran အိုင် အဖြစ် Richie Omrawadee အစ် အဖြစ် Amarin Nitibhon ဇာတ်လမ်းအကျဉ်း ဖတ်(ခ်)က လေကြောင်းကုမ္ပဏီတစ်ခုရဲ့ ပိုင်ရှင်ဖြစ်ပြီး လေယာဉ်မှူးတစ်ယောက်လည်း ဖြစ်ပါတယ် ချစ်ရတဲ့ မိန်းကလေး အွန်ရဖီနဲ့ နွေးထွေးတဲ့ မိသားစု ဘဝလေးကို တည်ဆောက်ဖို့ ကြိုးစားနေတဲ့သူလည်း ဖြစ်ပါတယ် % buffered 00:00 -00:03 Download Your browser does not support the video tag. စိတ်ကောင်းစေတနာကောင်းရှိတဲ့ ဖတ်(ခ်)က ကောင်းကင်နှလုံးသားဆိုတဲ့ အတွင်းအင်္ဂါလှူဒါန်းသူတွေမသေဆုံးခင် သွားသယ်ဆောင်ပြီး လိုအပ်တဲ့သူတွေဆီ ပို့ပေးတဲ့ ပရဟိတအလုပ်လည်းလုပ်နေသူပါ ဖတ်(ခ်) ရဲ့ ဘယ်သူမှ မသိတဲ့ အလုပ်တစ်ခုကတော့ ကင်ဆာကုသဆေး သုတေသနအလုပ်ကို ပြည်ပကလောဘသား ဆေးကုမ္ပဏီကလူတွေလက်ထဲက ကာကွယ်ပေးနေတာပါ တစ်ရက် အွန်ရဖီ ကိုယ်ဝန်ရပြီး မိသားစုတည်ဆောက်တော့မယ့်ချိန် ကင်ဆာရောဂါ ကုသဆေးကိစ္စနဲ့ ဖတ်(ခ်) သွားကူညီရင်း သေဆုံးခဲ့ရတယ် သေချိန်တန်ဖို့ ၂၄နှစ်အလိုကို မှားယွင်းခေါ်ဆောင်လာတဲ့ နတ်သားအပြစ်ကြောင့် ဖတ်(ခ်)ကို ကျန်ရှိတဲ့ ၂၄နှစ်မှာ ကင်ဆာကုသဆေး တာဝန် ထမ်းဆောင်ဖို့ နောက်တကြိမ် ပြန်မွေးဖွားလာစေခဲ့တယ် အွန်ရဖီကတော့ မိခင်တစ်ယောက်တည်း သားကို ခက်ခက်ခဲခဲ ပျိုးထောင်ခဲ့ရပြီး ချစ်ရသူ ဖတ်ခ်ပြန်လာတာကို စောင့်မျှော်နေခဲ့ရသူပါ သားဖြစ်သူ ဖမ်ကတော့ တာဝန်ယူမှုမရှိတဲ့ အဖေဖြစ်သူကို မုန်းတီးရင်း ကြီးပြင်းလာခဲ့တယ် ဖတ်ခ် တစ်ယောက် ချုမ်ဆိုတဲ့ကောင်လေးအဖြစ်ပြန်မွေးဖွားလာပြီး အွန်ရဖီဆီကို ပြန်လည်ရောက်ရှိလာခဲ့တယ် ချုမ်တစ်ယောက် အတိတ်ဘဝက ဖြစ်ရပ်တွေကို အချိန် ၂၄နှစ်သက်တမ်းမပြည့်ခင် သိလာမှာလား အရင်ဘဝက မကျေပွန်ခဲ့ရတဲ့ တာဝန်တွေနဲ့ အွန်ရဖီ့အပေါ်ထားရှိတဲ့ အချစ်တွေကြောင့် ခရီးလမ်းက သာယာနိုင်ပါ့မလားဆိုတာ ကြည့်ရှုကြရအောင် “ဘဝဆက်တိုင်းမင်းအနားမှာ နေပါရစေ ” ဇာတ်လမ်းတွဲက Tor Thanapob ရဲ့ “ကျောက်ဖြစိသွားသော နှလုံးသား” ဇာတ်လမ်းတွဲ အပြီး ရိုက်ကူးခဲ့တာဖြစ်သလို မင်းသမီး Aff Takasorn အတွက်လည်း ဇာတ်လိုက်မင်းသမီးနေရာကို ၇နှစ်ကျော်ကြာပြီးမှ ပြန်လည်ရိုက်ကူးထားတဲ့ ပထမဆုံး ဇာတ်လမ်းတွဲလည်း ဖြစ်တာမို့ ပရိသတ်တွေကြား အရမ်း hot နေတာလည်းဖြစ်ပါတယ်❤ ( အညွှန်းရေးသားထားသူကတော့ Kyi Nue Zin ဖြစ်ပါတယ် )