-
Movie Name
-
တောနက်ထဲကခြေရာငယ်
-
Year
-
2020
-
Generes
-
Action, Drama, Romance
-
Code
-
ST0178
-
Type
-
Series
-
Size
-
11.5 GB
-
Country
-
Thai
-
Description
-
ထိုင်း ရုပ်သံလိုင်း Ch7မှာ မတ်လ ၂၀ရက်နေ့က ပြသခဲ့တာဖြစ်ပြီး ၂၀၂၀ ခုနှစ်အတွက် rating 10.73နဲ့ ကြည့်ရှုနှုန်း အများဆုံးနေရာမှာ ရပ်တည်နေခဲ့ပါတယ်❤
"တောနက်ထဲက ခြေရာငယ်"
Casts
စယ် အဖြစ် BigM Krittarit
ပေါင်အဖြစ် Pupe Kessarin
ဇာတ်လမ်းအကျဥ်း
သစ်တောအရာရှိ တစ်ဦးဖြစ်တဲ့ စယ်ဟာ တရားမဝင်မှောင်ခိုအလုပ်တွေကို လုံးဝလက်သင့်မခံနိုင်တဲ့ ဥပဒေဘက်တော်သားတစ်ယောက်ပေါ့
သူ့ရဲ့ ဥပဒေအပေါ်သိတတ်မှုက ချစ်ရသူမိန်းကလေး ပေါင်ရဲ့ ဖခင်ဖြစ်သူကိုပါ ဖမ်းဆီးထောင်ချမိစေခဲ့တယ်❤
ဒါ့အပြင် စယ်က ပေါင်ရဲ့မိခင်ဖြစ်သူကိုပါ သတ်ခဲ့တယ်လို့ စွပ်စွဲခံခဲ့ရပြီး ပြီးပြည့်စုံနေတဲ့ အချစ်ရေး ပျက်စီးခဲ့ရတယ်
ချစ်ရသူ ပေါင်ကို ပြန်ရနိုင်ဖို့ စယ်တစ်ယောက် အပြစ်ကင်းတဲ့အကြောင်း သက်သေပြနိုင်ဖို့ ကြိုးစားနေချိန်မှာပဲ ပေါင်က သူ့ကိုရွဲ့ချင်စိတ်နဲ့ လူချမ်းသာတစ်ယောက်နဲ့ စေ့စပ်ပစ်လိုက်ပါတော့တယ်
ဒါပေမယ့် ပေါင် မသိနေခဲ့တာက သူစေ့စပ်ထားသူက သစ်တောထဲမှာ အပန်းဖြေစခန်းဆောက်ဖို့ စီစဥ်နေတာကိုပါပဲ❤
ဘာအတွက်ကြောင့်မှနိုင်ငံတော်ကို သစ္စာစောင့်သိမှုကို မတိမ်းစောင်းခံနိုင်တဲ့ လူရိုးလူဖြောင့် စယ်နဲ့
ချစ်ရသူက ဖခင်ကိုထောင်ချ မိခင်ကို သတ်ပါတယ်လို့ သိထားခဲ့တဲ့ ပေါင် သူတို့ အချစ်ရေးဘာဆက်ဖြစ်မလဲ❤
သစ်တောထဲက တရားမဝင်မှောင်ခိုအလုပ်တွေကိုရော စယ်တစ်ယောက် ကာကွယ်နိုင်ပါ့မလားဆိုတာ မကြာခင် တင်ဆက်ပေးသွားမယ့် "တောနက်ထဲက ခြေရာငယ်" ဇာတ်လမ်းတွဲမှာ စောင့်မျှော်ကြည့်ရှူကြရအောင်လားရှင်❤