Movie Name
ဆုံမှတ်မရှိသောချစ်ခြင်းအလင်္ကာ
Year
2020
Generes
Drama
Code
ST0179
Type
Series
Size
10.5 GB
Country
Thai
Description
အခုတစ်ခါတင်ဆက်ပေးမယ့်ကားကတော့ Ch3 ရဲ့၂၀၂၀ ပထမနှစ်ဝက်ပြသခဲ့တဲ့ကားတွေကို ကျော်လွန်ပြီး Rating အမြင့်ဆုံးရရှိထားတဲ့ကားလေး ဖြစ်တာကြောင့် ဇာတ်လမ်းမကောင်းမှာတော့စိုးရိမ်စရာမလိုပါဘူး ~~~ ( ဇာတ်လမ်းအကျဉ်း ) ~~~ ဆံဖာဝိုဆိုတဲ့မိန်းမတစ်ယောက် သူ့သားလေး၂ယောက် ငယ်စဉ်အချိန်မှာပဲ ယောကျာ်းဖြစ်သူဆုံးပါးသွားခဲ့တယ် ထိုအချိန်ကစပြီး သားလေး၂ယောက်ကိုရရာအလုပ်မျိူးစုံလုပ်ပြီး ရှာကျွေးခဲ့တယ် သူမအတြက္သူ ့သားလေးတွေကရတနာတပါးလိုပါ သူမရဲ့ဇွဲ လုပ်အားချိူးခြံနိုင်မှုတွေကြောင့် ရွာကသူဌေးမတစ်ယောက်ဖြစ်လာတယ် သားနှစ်ယောက်လုံးကိုချစ်ပေမယ့် ခြေထောက်မသန်ရှာတဲ့ အကြီးလေးဖိုင်ဝမ်ကို အချစ်ပိုခဲ့တယ် ဖိုင်ဝမ်အရွယ်ရောက်လာတော့ ဘွန်ရင့်သမီး အကြီးမ ယုဖာနဲ့ ချစ်ကြိုးသွယ်မိခဲ့ကြတယ် ဘွန်ရင်က တရွာလုံးကွမ်းတောင်ကိုင်အချောအလှသမီးဖြစ်သူကို ဆံဖာဝိုက လယ်တွေရွာတွေတင်တောင်းခဲ့ပေမယ့် ခြေထောက်တဖက်မသန်တာကိုအကြောင်းပြပြီး မြို့ကအစိုးရဝန်ထမ်းတစ်ယောက်နဲ့ ယုဖာကိုပေးစားခဲ့တယ် ထိုအချိန်ကစပြီး ၅နှစ်လုံး ဖိုက်ဝမ်တယောက် လေသွားပြီး လောင်းကစားတွေလုပ် ညနေဆိုအရက်လေးတမျှမျှနဲ ့ မူးလာတိုင်း ငိုကြီးချက်မနဲ့ ယုဖာ ယုဖာဆိုပြီးတမ်းတနေတာကို မြင်နေရတဲ့အမေဖြစ်သူက ဘွန်ရင့်ကို အငြိုးထားခဲ့တယ် နောက်တော့ ဘွန်ရင့်သမီးအငယ်လေး ယုဖင်းနဲ့ သူမရဲ ့သားအငယ် ဖိုင်တွန်တို့ ချစ်ခင်စုံမက်ကြတယ် ဒီအချိန်မှာတော့ ဘွန်ရင်ကလောင်းကစားတွေတအားစွဲနေပြီး ရောင်းစားထားတာတွေကြောင့်စီးပွားရေးလဲ ကျပြီး အိမ်အခွံလောက်သာကျန်တော့တယ် ဒီအချိန်ကိုအခွင့်ကောင်းယူပြီး ဆံဖာဝိုတစ်ယောက် ဘွန်ရင့်ကိုပြန်လည်လက်စားချေတဲ့အခါမှာတော့.... မိဘတွေရဲ့ အငြိုးတွေကြား ကံဆိုးခဲ့ရတဲ့ယုဖင်းရဲ့ ကံကြမ္မာကကောလှနိုင်ပါ့မလား ဆိုတာကိုတော့...