-
Movie Name
-
Unexpected
-
Year
-
2020
-
Generes
-
Drama, Fantasy
-
Code
-
SC0177
-
Type
-
Series
-
Size
-
8.42 GB
-
Country
-
China
-
Description
-
: ကားနာမည်လေးကို မြန်မာလို ပြန်ရရင်တော့ မင်းရှိတဲ့ ကမ္ဘာဆီ ကိုယ်လာခဲ့မယ်လို့ပဲ ပြန်ရမလား Unexpected ဆိုတဲ့ ကားတွေကလည်း အများသားဆိုတော့... ဒီကားက W:Two World လိုမျိုး ကာတွန်းထဲ ဝင်သွားတဲ့ ဇာတ်လမ်းလေးပါနော် ဇာတ်လမ်းအကျဉ်း ပြောရရင်တော့ ကာတွန်းဇာတ်လမ်းရေးဆွဲသူ ဟော်ကျယ်ဟာ သူသရုပ်ဖော်ခဲ့တဲ့ Crystal Love ဆိုတဲ့ ကာတွန်းနဲ့ အောင်မြင်မှုတွေ ရခဲ့တဲ့သူပါ ၃နှစ်အကြာမှာ ဟော်ကျယ် သရုပ်ဖော်ခဲ့တဲ့ Crystal Love ကို ဇာတ်ဆောင်မင်းသမီးပြောင်းပြီး အရန်မင်းသမီး လုကျီရှင်းနဲ့ ရှောင်ပိုင်က ပြန်ဇာတ်လမ်းဆင်ဖို့ ပြင်ခဲ့ပါတယ် အဲ့အခါမှာ သူဒေါသတကြီးနဲ့ ကားမောင်းရာမှ အက်ဆီးဒင့်ဖြစ်ပြီး သူသရုပ်ဖော်ခဲ့တဲ့ Crystal Love ကာတွန်းဇာတ်လမ်းထဲ ရောက်သွားတဲ့အခါ အပြင်လောကကို ပြန်ထွက်နိုင်ဖို့ မစ်ရှင်တွေ လုပ်ရပါတော့တယ် မစ်ရှင်က သူအရမ်းမုန်းတဲ့ အရန်မင်းသမီး လုကျီရှင်းကို ကိုယ့်ကိုယ်ကို မသတ်သေစေပဲ စိတ်ထဲကနေ စိတ်ပါပါနဲ့ " လောကကြီးက လှပလိုက်တာ " လို့ပြောမှ ကာတွန်းကမ္ဘာထဲကနေ ဟော်ကျယ်တစ်ယောက် ထွက်လာနိုင်မှာပါ လုကျီရှင်းကို ကြည့်မရဖြစ်နေတဲ့ ဟော်ကျယ်တစ်ယောက ်ကာတွန်းကမ္ဘာထဲက ထွက်လာနိုင်ဖို့ လုကျီရှင်းကို ဘယ်လိုတွေ ကြိုးစားမလဲ ကြိုးစားရင်းကနေ ခံစားချက်တွေ ဘယ်လိုြပောင်းလဲလာမလဲဆိုတာ ဒီကားလေးမှာ ကြည့်နိုင်ပါကြောင်း ခုတော့ opening လေးကို အရင်တင်ပေးလိုက်ပါတယ်နော် ဟော်ကျယ်အဖြစ် I Will Never Let You Go ထဲက နတ်ဆေးဆရာ Austin Lin က သရုပ်ဆောင်ထားပြီးတော့ မင်းသမီးလေးကလည်း ချစ်ဖို့ကောင်းတဲ့ Li Hao Feiက သရုပ်ဆောင်ထားပါတယ်