-
Movie Name
-
Bigfoot Family (2020)
-
Year
-
2020
-
Generes
-
Animation, Family
-
Code
-
AN0317
-
Type
-
Movie
-
Size
-
587 MB
-
Country
-
Hollywood
-
Description
-
ဒီတစ်ခေါက်တော့ CM ပရိတ်သတ်ကြီးအတွက် Animation ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ Bigfoot Family (2020)ပါ။
2017 တုန်းက ထွက်ရှိခဲ့တဲ့ The Son of Bigfoot ဆိုတဲ့ Animation လေးရဲ့နောက်ဆက်တွဲအနေနဲ့ထွက်လာခဲ့တာပါ။
အသစ်စက်စက်ထွက်ရှိလာတဲ့ ဒီကားလေးရဲ့အကျဥ်းချုပ်ကိုလည်း အနည်းငယ်ပြောပြပါဦးမယ်။
ဒေါက်တာဟယ်ရီဆန်ဆိုတာက သုတေသန မတော်တဆမှုတစ်ခုကြောင့် ခြေထောက်ကြီးလူ၀ံဘ၀ကိုရောက်သွားရတဲ့ သုတေသနပညာရှင်တစ်ဦးပါ။ကြီးလာတဲ့ခြေထောက်နဲ့အတူတူ တခြားအစွမ်းတွေလည်းရရှိထားပါသေးတယ်။သူ့ရဲ့သားလေးဖြစ်သူ အက်ဒမ်ကတော့ ဖခင်ဆီက မျိုးဗီဇကိုဆက်ခံပြီး အပြေးမြန်ပြီးစွမ်းအားတွေရှိသူတစ်ဦးပေါ့။
တောနက်ထဲမှာပဲနေခဲ့တဲ့ ဒေါက်တာဟယ်ရီဆန်တစ်ယောက် လူ့အသိုင်းအ၀ိုင်းအလယ်ရောက်လာချိန်မှာ ဘစ်ဖုဒ်ဆိုရဲ့နာမည်ကျော် လူ၀ံတစ်ယောက်ဖြစ်လာပါတော့တယ်။
နာမည်ကြီးလာတာနဲ့အမျှ ဒေါက်တာဟယ်ရီဆန်ရဲ့ဆန္ဒကတော့ သူ့ရဲ့ကျော်ကြားမှုအစွမ်းတွေကို ကမ္ဘာကြီးကို ပိုပြီးကောင်းမွန်လာစေချင်တာပါ။
သူရဲ့အဲဒီဆန္ဒကြောင့် အလက်စကာမှာရှိတဲ့ ဂေဟဗေဒပျက်စီးနိုင်မှု အန္တရာယ်ကိုသွားစုံစမ်းရင်းနဲ့ နောက်ကွယ်မှာရှိတဲ့ဘာပြဿနာတွေကိုတွေ့လာရမလဲ?သူ့မိသားစုနဲ့ဘယ်လိုရင်ဆိုင်ဖြေရှင်းမလဲဆိုတာ အဆုံးထိ မငြီးမငွေ့ကြည့်ရှုရမယ့်ကားလေးပါ။
စိတ်လှုပ်ရှားပျော်ရွှင်ပြီး မိသားစုနဲ့အတူတူကြည့်လို့ရမယ့် ဒီကားလေးရဲ့ နာမည်ကတော့ Bigfoot Family(2020)ပါ။CM ပရိသတ်ကြီးအတွက်တင်ဆက်ပေးလိုက်ရပါတယ်။