Movie Name
The Therapist Fist Of Tae Baek (2020)
Year
2020
Generes
Action, Comedy
Code
KR0003
Type
Movie
Size
1.09 GB
Country
Korea
Description
The Therapist Fist of Tae Baek(2020) ဒီဇာတ်ကားကတော့ ကိုရီးယားနိုင်ငံရဲ့ ရိုးရာကိုယ်ခံပညာနဲ့ တိုက်ခိုက်ပုံ ရိုးရာအကြောပြင်ပညာရပ်အစရှိတာတွေကို စိတ်ဝင်စားဖို့ကောင်းအောင်ဇာတ်လမ်းဆင်ထားတဲ့ Comedy/Dramaကားဖြစ်ပါတယ်။ ၂၀၂၀ခုနှစ်ထဲမှာပဲထွက်ရှိထားပြီး မင်းသားကြီး Oh Ji ho ပါဝင်ထားတဲ့ ကားကောင်းလေးတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းကိုပြောရရင် ဆောင်းဂျွန်ဆိုတဲ့သူက % buffered 00:00 -00:01 Download Your browser does not support the video tag. ကိုရီးယားကိုယ်ခံပညာကိုတောင်ပေါ်က ဘုန်းတော်ကြီးကျောင်းတစ်ခုမှာသင်ယူနေသူဖြစ်ပြီး ကိုယ်ခံပညာရပ်မှာတစ်ဖက်လူရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းအကြောနေရာကအစသိပြီး တစ်ဖက်ကမ်းခတ်ကျွမ်းကျင်သူတစ်ယောက်လည်းဖြစ်ပါတယ်။တစ်ရက်နောက်ဆုံး အတော်ဆုံးပညာရှင်ရွေးပွဲနေ့မှာ သူနဲ့ညီအစ်ကိုအရင်းလိုခင်ရတဲ့သူ ရုတ်တရက်ပျောက်ဆုံးသွားပြီးနောက်မှာ သူဘဝကြီးလည်းအတော်ဆုံးဆိုတဲ့ နေရာနဲ့ လွဲပြီးအပြောင်းလဲကြီးပြောင်းလဲခဲ့ရပါတော့တယ်။ဒီကားထဲမှာ စိတ်ဝင်စားဖွယ် ကိုရီးယားကိုယ်ခံပညာရပ်တွေကို ပြသတဲ့အခါ မငြီးငွေ့ရအောင် အတိုက်အခိုက်ခန်းတွေအပြင် ဟာသလေးနှောထားလို့ ကြည့်လို့ကောင်းပါတယ်။လူခန္ဓာကိုယ်ကအရိုးအကြောတွေကို လိုသလိုပြုပြင်ပြီး အနှိပ်ပညာတစ်ခုနဲ့တင် ပုံသွင်းလို့ရတယ်ဆိုတာကိုလည်းတွေ့ရမှာပါ။ ဇာတ်လမ်းလည်းမဆိုးသလို ဖိုက်တင်ကားကြိုက်တဲ့သူတွေအတွက်အတိုက်အခိုက်အခန်းလေးတွေနဲ့အတူ လေ့လာစရာလေးတွေပါလို့ ကြည့်သင့်တဲ့ ဇာတ်ကားလေးတစ်ကားလည်းဖြစ်ပါတယ်