Movie Name
Beastly (2011)
Year
2011
Generes
Drama, Fantasy
Code
EN0004
Type
Movie
Size
555 MB
Country
Hollywood
Description
2011 မှာ ထွက်ရှိခဲ့တဲ့ဇာတ်ကားတစ်ကားဖြစ်ပြီး IMDb Rating 5.6 ရရှိထားပါတယ်..ရိုက်ကူးတင်ဆက် တဲ့ဒါရိုက်တာကတော့ Daniel Barnz က ဖြစ်ပါတယ်..သရုပ်ဆောင်တွေအဖြစ် Alex Pettyfe ( I am Number Four ) ကားမှ မင်းသားနဲ့အတူ Vanessa Hudgens က ပါဝင်သရုပ်ဆောင်ထားပြီး.. ကျွန်တော့်အမြင်အရတော့ တော်တော်မိုက်တဲ့ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်… Kyle Kingson ဟာ ရုပ်ရည်ချောမောတဲ့လူငယ်တစ်ယောက်ဖြစ်ပါတယ်..သူ့ရဲ့ချောမောတဲ့ရုပ်ရည် ကြောင့် စိတ်ဝင်စားတဲ့မိန်းကလေးတွေအများအပြားလည်းရှိပါတယ်..ဂရင်းကုမ္မဏီရဲ့ဥက္ကငှလည်း ဖြစ်တဲ့အတွက် ကိုင်ကင်းဆန် ဟာ မာန်မာနထောင်လွားသလို သူများကိုလည်းနှိမ်တတ်ပါတယ်.. တစ်နေ့မှာတော့ ကင်ဆန်တစ်ယောက် စုန်းပညာတတ်တဲ့ မိန်းကလေးတစ်ယောက်ကိုလူပုံအလယ်မှာ ရုပ်ရည်နဲ့ပတ်သတ်ပြီးစော်ကားမော်ကားပြောဆိုမှုကြောင့် ထိုမိန်းကလေးက ကျိန်စာတိုက်လိုက်တဲ့အခါ အလွန်ရုပ်ဆိုးတဲ့လူထူးဆန်းပုံစံအဖြစ်ရုပ်ပျက်သွားပါတယ်..တစ်နှစ်အတွင်း သူ့ကို တကယ့်စိတ်ရင်းနဲ့ ချစ်တယ်လို့ ပြောတဲ့မိန်းကလေးတစ်ယောက်ပေါ်လာမှသာ ကျိန်စာကနေ လွတ်မြောက်မှာဖြစ်ပြီး တစ်နှစ်အတွင်းမတွေ့ခဲ့ရင်တော့ တစ်သက်လုံးဒီအတိုင်းနေရမှာပဲဖြစ်ပါတယ်.. ရုပ်အရမ်းဆိုးပြီးကြောက်စရာကောင်းသွားတဲ့ ကင်ဆန်ကို တကယ်ချစ်တဲ့ မိန်းကလေး ပေါ်လာမလာ.ဆိုတာ ရင်ခုန်စွာနဲ့ ဘယ်လိုတွေဖြစ်ပျက်မလဲဆိုတာ စောင့်ကြည်ရမှာပဲ ဖြစ်ပါတယ်..အပျင်းပြေကြည့်ချင်တဲ့သူတွေအတွက်ရော..ဇာတ်ကားကောင်းကြည့်ချင်တဲ့သူတွေအတွက် ရော ကျွန်တော်ကြည့်ဖို့အကြံပေးချင်ပါတယ်..ဇာတ်ကားကောင်းတစ်ကားပါ 🙂