Movie Name
Flipped (2010)
Year
2010
Generes
Comedy, Drama, Romance
Code
EN0007
Type
Movie
Size
723 MB
Country
Hollywood
Description
Flipped(2010) IMDb….7.7 လူ့တို့ရဲ့ သဘောဟာ ဆန်းကျယ်တယ်ထင်ပါရဲ့..ချိုဆိမ့်တဲ့အရသာကို ကြိုက်ကြသလို ဖန်ငန်စပ် အရာသာကိုလည်းကြိုက်ကြတာပဲ.. ဒီလိုပဲ အချစ်၊အလှ ၊အလွမ်းဆိုတဲ့ သိမ်မွေ့နူးညံတဲ့ ခံစားမှုစည်းစိမ်ကို နှစ်သက်ကြသလို ကြမ်းတမ်းထိတ်လန့်စရာ စည်းစိမ်ကိုလည်း နှစ်သက်ကြတာပါပဲ…မည်သို့ပင်ဆိုစေ အချစ်၊အလှ ၊အလွမ်းဖွဲ့ဇာတ်ကားလေးတွေခံစားချင်တဲ့သူတွေအတွက် ဒီကားလေးတင်ပေးလိုက်ပါတယ်… % buffered 00:00 -00:07 Download Your browser does not support the video tag. ၂တန်းကလေးအရွယ် ဘရိုက်စ်ဆိုတဲ့ကောင်လေးတို့မိသားစုက ဂျူလီဆိုတဲ့ကောင်မလေးရှိတဲ့ အိမ်နားကိုပြောင်းလာတယ်.. . ကောင်မလေးကတော့ပထမဆုံးတွေ့တွေ့ချင်းကောင်လေးရဲ့ တောက်ပတဲ့မျက်လုံးတွေနဲ့အကြည့် ချင်းဆုံမိပြီး သဘောကျသွားတယ်.. ဖြစ်ချင်တော့ကောင်လေးက သူ့ကိုတစ်စက်ကလေးမှသဘောမကျ စိတ်ပျက်စရာကောင်မလေး အမြင်ကပ်စရာလေးလို့ပဲမြင်နေတာပါပဲ… ဒီကားက ကောင်မလေးရဲ့ အမြင်ရယ် ကောင်လေးရဲ့အမြင်ရယ်ကို အချိုးကျပြသသွားတယ်… ဆယ်ကျော်သက်ရွယ် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်ရဲ့ အချစ်နဲ့ပတ်သက်ပြီးတွေ့ကြုံခံစားသိမြင်ပုံလေးတွေကို လှလှပပလေးရိုက်ပြသွားတာပါ . ..တစ်ချို့သောသူတွေအတွက် ပျော်ရွှင်ဖွယ်ရာ စိတ်ကူးယဉ်ကမ္ဘာထဲကိုရောက်နေသလိုတောင်ခံစားရနိုင်တယ်.. .အယ် တစ်ချို့သောသူတွေအတွက် ငယ်ဘ၀ ငယ်ချစ်ဦးကို ပြန်လွမ်းဆွတ်တမ်းတပြီး အလွမ်းပြေစရာတစ်ခုခုဖန်တီးသွားလောက်တယ်… ဥပမာ ငယ်ငယ်ကချစ်ဖူးခဲ့တဲ့သူအတွက်ရည်စူးရေးစပ်ထားဖူးတဲ့ ကဗျာစာအုပ်အဟောင်းလေးတွေကိုတောင်ပြန်ဖတ်သွားတာမျိုးပေါ့… အယ် ဆယ်ကျော်သက်လူငယ်တွေအတွက်တော့ ဆင်ခြင်စရာလေးတွေ အတုယူစရာလေးတွေရသွားမှာပေါ့ဗျာ….ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ JtheKoala ဖြစ်ပါတယ်…