Movie Name
A LONG WAY DOWN
Year
2014
Generes
Comedy, Drama
Code
EN0017
Type
Movie
Size
1.12 GB
Country
Hollywood
Description
သူစိမ်း ၄ ယောက် . . . သူတို့တွေက New Year ညမှာ ကိုယ့်ဘာသာကိုယ်သတ်သေဖို့ စီစဉ်ထားကြပြီး လန်ဒန်မြို့ရဲ့ အထပ်မြင့်အဆောက်အဦးတစ်ခုကို တူညီစွာ ရွေးချယ်ခဲ့မိကြတယ်။ ဒါနဲ့ သူတို့ ၄ ယောက် လာမယ့် ဖေဖော်ဝါရီ ၁၄ ရက်နေ့မတိုင်မှီအထိ ကိုယ့်ဘာသာကိုယ်သတ်မသေကြဖို့ သဘောတူလိုက်ကြပါတော့တယ် Martin သူကတော့ TV Program တစ်ခုမှာ လုပ်ကိုင်နေသူဖြစ်ပြီး အသက်မပြည့်သေးတဲ့မိန်းကလေးနဲ့ ပေါင်းသင်းခဲ့တဲ့အမှုအတွက် ထောင်ကျခဲ့သူတစ်ယောက်ပါ။ ပတ်ဝန်းကျင်ရဲ့ သူ့အပေါ်သက်ရောက်မှုတွေက သူ့ကို သတ်သေဖို့အထိ တိုက်တွန်းခဲ့တာပါ။ Maureen သူမကတော့ ကိုယ်လက်မသန်စွမ်းတဲ့ သားတစ်ယောက်ရဲ့ မိခင်ဖြစ်သူဖြစ်ပြီး သူ့ကိုယ်သူ အကူအညီမဲ့နေသူလို့ ထင်နေသူပါ။ Jess သူမကတော့ နိုင်ငံရေးသမားတစ်ဦးရဲ့ သမီးဖြစ်ပြီး သူ့အစ်မသေဆုံးသွားခဲ့အတွက် စိတ်ထိခိုက်နေသူဖြစ်ပြီး သူ့အဖေနဲ့ ဆက်ဆံရေးကလည်း အကောင်းဆုံးမှာ ရှိမနေခဲ့ပါဘူး။ နောက်တစ်ယောက်ကတော့ သူ့ကိုသူ JJ လို့အမည်ပေးထားတဲ့ လူရွယ်တစ်ယောက်ဖြစ်ပြီး သူ့မှာ ဦးနှောက်ကင်ဆာ ရှိနေတယ်လို့ပြောပြထားပြီး သူဟာ Band တစ်ခုမှာ ပါဝင်တီးခတ်ခဲ့ဖူးသူတစ်ယောက်ပါ။ ထိုအထဲကနေ Martin က သူတို့ ၄ ယောက်အကြောင်းကို TV show တစ်ခုမှာ စီစဉ်တင်ဆက်ဖို့စီစဉ်လိုက်ပါတော့တယ်။ Martin ရဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းဖြစ်သူ Penny က သူတို့အထဲက Jess ကို မေးမြန်းစကားပြောဆိုရာမှာ အရှက်ရစေခဲ့တဲ့အတွက် သူတို့ TV show ဟာ အဆုံးသတ်သွားခဲ့ရပြီး သူတို့ ၄ ယောက်ဟာ London ရဲ့ အာရုံစူးစိုက်မှုကနေ ကင်းဝေးဖို့အတွက် အပန်းဖြေခရီးထွက်ဖို့ စီစဉ်လိုက်ကြပါတော့တယ်။ ကျန်တဲ့သူတွေကို မပြောပြဖြစ်ခဲ့တဲ့ JJ ရဲ့ ကိုယ့်ဘာသာကိုယ် သတ်သေဖို့အထိ စီစဉ်ခဲ့ရတဲ့ အကြောင်းအရာက ဘာလဲ။ သူတို့ ၄ ယောက် ထပ်မံဆုံစည်းဖို့ ဘယ်လိုအကြောင်းအရာက ဖြစ်လာမလဲ။ သူတို့ ၄ ယောက်ထပ်မံစုံစည်းကြတော့ ဖေဖော်ဝါရီ ၁၄ ရက်နေ့ဖြစ်ပြီး ကျန်တဲ့သူတွေ ပြောင်းလဲခဲ့ကြပေမယ့် JJ ကတော့ မပြောင်းလဲသေးတော့ ဘယ်လိုဆက်ဖြစ်ကြမလဲ ဆိုတာကို စောင့်ကြည့်ရမှာပါ။ IMDB Ratings: 6.4/10 အထိရရှိထားပြီး ဝါရင့်သရုပ်ဆောင်ဖြစ်တဲ့ Pierce Brosnan က Martin က ပါဝင်သရုပ်ဆောင်ထားပြီး ကျန်တဲ့ ၃ ယောက်အဖြစ် Toni Collette, Imogen Poots, Aaron Paul တို့က ပါဝင်အားဖြည့်ထားပါတယ်။