Movie Name
August Rush (2007)
Year
2007
Generes
Drama
Code
EN0031
Type
Movie
Size
904 MB
Country
Hollywood
Description
ဇာတ်ကားကောင်း တစ်ကားမို့ CM ချစ်သူများအတွက် မှတ်မှတ်ရရ တင်ပေးလိုက် ပါတယ်။ 2007 ခုနှစ်က ထွက်ရှိထားပြီး ကြည့်ရှုသူများအဖို့ ဇာတ်လမ်းအစကနေ အဆုံးထိ music ရသကို ခံစားစေရင်း ကလေးငယ်တစ်ယောက်ရဲ့ မိဘကိုမျှော်လင့်တောင့်တမှုနဲ့ စိတ်အားထက်သန်မှုတွေကို ခံစားမှုအပြည့်ပေး စွမ်းနိုင်တဲ့ ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားပါ။ ဒီဇာတ်လမ်းမှာ ကလေးငယ်လေး အီဗန် ( Freddie Highmore ) ရဲ့ ဂစ်တာကို ကျွမ်းကျင်စွာတီးခတ်ပြသမှုကလည်း ကျွန်တော်တို့လို music ကို ရူးသွပ်သူအဖို့ ရုပ်ရှင်ကြည့်ရင်း ဂီတရသကို မက်မောစွာကြည့်ရှုနေမိစေတယ်။ အမှတ်မထင်တွေ့ရှိခဲ့တဲ့ လူးဝစ် နဲ့ လိုင်လာ တို့ရဲ့ မြင်မြင်ချင်း ချစ်သွားတဲ့ အချစ် . အဲ့ဒီညမှာပဲ ချစ်တင်း နှောခဲ့မှုနဲ့ တစ်ညလေးတွေ့ခဲ့တဲ့ လူနှစ်ယောက်ရဲ့ တစ်ယောက်အပေါ် တစ်ယောက် စွဲစွဲလမ်းလမ်း ချစ်ခင်မှုဟာ အရမ်းကိုအံ့သြစေပြီး ကံကြမ္မာရဲ့ လှည့်ပြောင်းမှုအောက်မှာပဲ ဖြစ်ပျက်ခဲ့တဲ့ ကြေကွဲဖွယ်ရာ အချစ်ဇာတ်လမ်းဟာ ဒီဇာတ်ကားရဲ့ ပြောင်မြောက်တဲ့ အပိုင်းထဲက တစ်ချက်လို့လည်းပြောလို့ရပါတယ်။ ရှေ့ဆက်ပြီးဇာတ်လမ်းကို မပြောပြဘဲ အခုလိုမျိုး တင်စားပြောဆိုမှုတွေဟာ ကြည့်ရှုသူများအဖို့ ပိုပြီးစိတ်ဝင်စားမှုရှိ စေမှာဖြစ်လို့ မိမိကိုယ်တိုင်သာ ဇာတ်ကားကို ကြည့်ရှုကြပါလို့ပဲ ကျွန်တော် တိုက်တွန်းရင်း CM ချစ်သူများအတွက် ဇာတ်ကားလေးတင်ပေးလိုက်ပါပြီ။