Movie Name
Awake (2007)
Year
2007
Generes
Drama, Family
Code
EN0032
Type
Movie
Size
902 MB
Country
Hollywood
Description
ဒီရုပ်ရှင်ကားလေးကို ရုပ်ရှင်ကြည့်သူများ လက်ထဲ အရောက်ပို့ဖို့ အတွက် မျက်ရည်တွေ ဝိုင်းပြီး ဘာသာပြန်ပေးခဲ့သူကတော့ Tariq L Walker ဖြစ်ပါတယ် ဘာသာပြန်ဖို့ စေခိုင်းသူကတော့ ကျနော်ပါ ဘာကြောင့်လဲဆိုတော့ ရုပ်ရှင်ချစ်သူတွေ ကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်း တစ်ခုဖြစ်တယ်လို့ နှလုံးသားထဲကနေ သိနေလို့ပါ… ဒီရုပ်ရှင်ကားမှာ ကျနော် ကြည့်စေ သိစေချင်တဲ့ အကြောင်းရာက ချစ်ခြင်းမေတ္တာတရားပါ ဇတ်လမ်း ပုံစံ ကတော့ အောင်မြင်နေတဲ့ လုပ်ငန်းရှင် တစ်ဦးဖြစ်တဲ့ ကလေ (Clay) ဟာ ဖခင် သေဆုံးမှု အပေါ် အမေ ဖြစ်သူရဲ့ အပြစ်မကင်းဟု မှတ်ယူပြီး အမေ နှင့် အစေးမကပ်တဲ့ သူဌေးသား တစ်ဦး ဖြစ်ကာ လက်ထပ် ယူတော့မယ့် ချစ်သူ ဆမ် လဲ ရှိနေပြီ ဖြစ်ပါတယ်.. ကလေ မှာ ချစ်ရသော ချစ်သူ ဆမ် အပြင် အချစ်ဆုံး သူငယ်ချင်းဖြစ်သော ဆရာဝန် ဖြစ်သူ ဂျက် လဲ ရှိပါသေးတယ်…. ကလေ ဟာ အရာအားလုံး ပြည့်စုံနေသော်လဲ နှလုံးရောဂါ ကြောင့် သက်တမ်းရှည်ရှည်နေနိုင်ဖို့ အခက်အခဲ ဖြစ်နေပြီး နှလုံးအစားထိုး ခွဲစိတ်ကုသဖို့ လိုအပ်နေသူ တစ်ဦးလဲ ဖြစ်ပါတယ်.. တစ်နေ့မှာတော့ ကလေ ဟာ သူ့အချစ်ဆုံး သူငယ်ချင်း ဖြစ်သူ ဂျက် ကိုယ်တိုင်ပါဝင်ခွဲစိတ်မယ့် နှလုံးအစားထိုး ခွဲစိတ်ကုသမှု ကို လက်ခံပြီး ခွဲစိတ်ကုသရန် ပြင်ဆင်ပါတော့တယ်… အရာအားလုံးအဆင်ပြေခါနီးမှ နှလုံးခွဲစိတ်နေရင်း ကလေ တစ်ယောက် သေအံ့ဆဲဆဲ အနေအထားဖြင့် စိတ်မျှောလွင့်ပြီး ဝိဉာဉ် အဖြစ် နှင့် သက်ရှိကိုယ် မှ ထွက်ခွာသွားခဲ့သော အခါ…