Movie Name
Bad Words(2013)
Year
2013
Generes
Comedy
Code
EN0035
Type
Movie
Size
637 MB
Country
Hollywood
Description
ဒီတစ်ခါတော့ Bad Words ဆိုတဲ့ ဟာသ ကားလေးတစ်ကားနဲ့ ပရိတ်သတ်ကို မိတ်ဆက်ပေးချင်ပါတယ်။ ဒီကားကို Horrible Bosses ကားထဲကမင်းသား Jason Bateman ကိုယ်တိုင် ရိုက်ကူးပါဝင်သရုပ်ဆောင် ထားပါတယ်။ ဇာတ်လမ်းကတော့ အမေရိကားမှာ 8th Grade နဲ့ အောက် ကျောင်းသားတွေအတွက် Spelling Bee ဆိုတဲ့ စာလုံးပေါင်း ပြိုင်ပွဲ လေးကို ကျောင်းအလိုက်၊ ဒေသအလိုက်၊ ပြိုင်ပြီး နောက်ဆုံး နိုင်ငံ အဆင့်ပါ ပြိုင် ပွဲလုပ်ပေးလေ့ရှိပါတယ်။ (လက်ရှိတောင် မြန်မာလူမျိုး ကောင်လေးတစ်ယောက် Regionalအဆင့် မှာ ဆုရတယ်လို့ Facebook မှာတင်ထားတာ တွေ့ကြမှာပါ။) အဲ့ဒီပွဲကို မင်းသား Jason Bateman က ဝင်ပြိုင်ဖို့လုပ်ပါတယ်။ သူကအသက် ၄၀၊ အလုပ်က Proof Reader (ဆောင်းပါး၊ စာအုပ် စသဖြင့် စာရေးတဲ့အခါမှာ စာလုံးပေါင်း၊ သဒ္ဒါ၊ စသဖြင့် အမှား တွေကို စစ်ပေးရတဲ့သူကိုခေါ်တာပါ။) လုပ်တာဖြစ်ပါတယ်။ သူက Regional ပြိုင်ပွဲဝင်တဲ့အခါမှာ ဘယ်လို မှ ယုတ္တိမရှိပေမယ့်လည်း၊ လျစ်ဟင်းသွားတဲ့ စည်းမျဉ်းတစ်ခုကြောင့် ဝင်ပြိုင်ခွင့်ပေးခဲ့ရပါတယ်။ အဲ့ဒီစည်းမျဉ်းကတော့ ပြိုင်ပွဲဝင်မယ့်သူဟာ 8th Grade နဲ့ အောက်ဖြစ်ရမယ်လို့ပဲ သတ်မှတ်ထားပါတယ်။ တိတိကျကျပြောရရင် 8th Grade မအောင်သေးတဲ့သူဖြစ်ရမယ်လို့ ရေးထားတာဖြစ်ပါတယ်။ အသက်ကိုတော့ မလိုဘူးဆိုပြီး မသတ်မှတ်ထားပါဘူး။ ဒါကြောင့် နောက်ဆုံးမှာ ဝင်ပြိုင်ခွင့်ရပြီး အနိုင်ရသွား သလို National Championship ပြိုင်ပွဲကိုပါ ဝင်ပြိုင်ခွင့်ရခဲ့ပါတယ်။ ရုပ်ရှင်က ဟာသ ကားဖြစ်လို့ ယုတ္တိမရှိတာတွေ ပါပေမယ့် ဇာတ်လမ်းကတော့ တမူထူးခြားပါတယ်။ အထူးသဖြင့် မင်းသားက ဘာလို့ ဒီလို ဝင်ပြိုင်ရတယ်ဆိုတာ ဘယ်သူမှ မသိကြပဲ၊ နောက်ဆုံး မှ လှည့်ကွက့်အနေနဲ့ ထည့်ထားပေးပါတယ်။ ဒါ့အပြင် အမေရိကန်ဖွား အိန္ဒိယ လူမျိုးကောင်လေးနဲ့ လေယာဉ်ပေါ်မှာ တွေ့ကြသလို၊ နောက်ပိုင်းမှာလည်း ခင်မင်သွားကြပုံ ကိုလည်း ပရိတ်သတ် ရှုစားကြရမှာပါ။ ဒီကားက Rated- R ဟာသကားတွေထုံးစံအတိုင်း ညစ်ညမ်း ပြက်လုံးတွေ၊ အဆဲအဆိုတွေ၊ Sex & Nudity တွေပါတာဖြစ်လို့ ကလေးတွေ မကြည့်သင့်ပါဘူး။ ဇာတ်ကားကောင်းတစ်ကားပါ။ အခွေထွက်ရင် ကြည့်သင့်ပါတယ်။