-
Movie Name
-
Begin Again (2013)
-
Year
-
2013
-
Generes
-
Drama, Romance
-
Code
-
EN0038
-
Type
-
Movie
-
Size
-
511 MB
-
Country
-
Hollywood
-
Description
-
Gretta, a budding songwriter, finds herself alone after her boyfriend Dave ditches her. Her life gains purpose when Dan, a record label executive, notices her talent.
IMDb rating 7.4 အထိရရှိထားတဲ့ Drama ဇာတ်လမ်းတစ်ပုဒ်ကို တင်ပြပေးပါစေ။ Music ကိုဝါသနာပါတဲ့ သူများ ပိုမိုကြိုက်နှစ်သက်လောက်မယ့်ဇာတ်ကားမျိုးပါပဲ။သီချင်းလေးတွေရေးစပ်သွားတာ . Christmas လက်ဆောင်အဖြစ် သီချင်းလေးလက်ဆောင်ပေးသွားတာတွေဟာ ဇာတ်ကားရဲ့တကယ့်ကို ဆွဲဆောင်မှု အရှိဆုံးအချက်ထဲက တစ်ချက်လို့ပြောချင်ပါတယ်။
သာမန် Acoustic Guitar တစ်လုံးနဲ့တီးခတ်နေတဲ့ Gretta ရဲ့ သီချင်းတစ်ပုဒ်ကို လိုအပ်တဲ့ သံစဉ်ထောက်ပံ့မှုတွေကို အရက်သောက်နေရင်းနဲ့ မိမိစိတ်ထဲမှာတင် ခံစားတီးခတ်ပြသွားတဲ့ Dan ရဲ့ ဂီတစွမ်းရည်ဟာ ကျွန်တော့်တို့လို ဂီတကိုကြိုက်နှစ်သက်တဲ့လူတွေအတွက် မလွတ်တန်းကြည့်ချင်မိတဲ့ ဇာတ်ကားအဖြစ် စိတ်ထဲကိုနေရာယူစေမိတယ်။
နောက်ထပ် အသိရသအနေနဲ့ကတော့ လဲကျနေတဲ့စိတ်ဓါတ်တွေကိုပြန်လည်မြင့်တင်ပေးပြီး . မိမိစိတ်ကို ပြန်အားတင်းစေတဲ့အသိခံစားမှုကိုလည်းပေးစွမ်းနိုင်တဲ့ Drama ဇာတ်ကားကောင်းတစ်ပုဒ်ပါ။ 2013 ခုနှစ်က ထွက်ထားပြီး ဘာသာပြန်ပေးတဲ့ မသက်ဦးမွန်ရဲ့ ညွှန်းဆိုမှုနဲ့ ကြည့်ရှုမိတဲ့ ဇာတ်ကားလေး ဟာ ကြည့်နေရင်းကို မထချင်လောက်အောင်ကောင်းလွန်းနေပါတယ်။ ခပ်အေးခပ်ငြိမ့်ငြိမ့်ကြည့်ရှုဖို့အတွက် ဆူညံတဲ့နေရာ ပတ်ဝန်းကျင်မှာ မကြည့်ရှုဖို့တော့ အကြံပေးပါရစေ။ ဇာတ်ကားကောင်းတစ်ကားရဲ့ အနှစ်ခံစားချက်အပြည့်အဝကို အတွင်းကျကျခံစားချင်ရင် အခုလိုအေးမြတဲ့ ဆောင်းရာသီမှာ မနက်စောစောဖြစ်ဖြစ် . ညဘက်ခပ်မှောင်မှောင်အချိန်လေး မှာဖြစ်ဖြစ် ကော်ဖီလေးတစ်ခွက်နဲ့သာကြည့်လို့ကတော့ အရမ်းကိုပြည့်စုံလွန်းတယ်လို့ကို ပြောချင်ပါတယ်။
(ဇာတ်ကားကို CM member Ma Thet Oo Mon မှ သူကိုယ်တိုင်ကြိုက်လွန်းလို့ကို ဘာသာပြန်ပေးထားပါတယ်။ သီချင်းစာသားတွေကအစ ဘာသာပြန်ပေးထားပါတယ်။ အဲ့တော့ ကျန်တဲ့လူတွေလည်းခံစားကြည့်ရှုနိုင်ကြပါစေ။)
@SWM