Movie Name
Well Intended Love(S1+S2)
Year
2019
Generes
Drama, Romance
Code
SC0181
Type
Series
Size
20.6 GB
Country
China
Description
: 2019 1လပိုင်း17ရက်ကစပြခဲ့ပြီး 2လပိုင်း14ရက် Valentine Day မှာ ဇာတ်သိမ်းခဲ့သော 2019ခုနှစ်ရဲ့ အရိုဆုံးဇာတ်လမ်းတွဲလို့ပြောလို့ရမယ့် ဇာတ်လမ်းတွဲတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ ကားနာမည်ကတော့ Well-intended Love ပါ မင်းသားလင်းရိကျိုးအဖြစ် Xu Kai Cheng (I Can't Hug You) (Moonshine & Valentine) (I'm a Pet at Dali Temple) ကားတွေက မင်းသား၊ မင်းသမီးရှလင်အဖြစ် Wang Shuang (The Four) (The Romance of the Condor Heroes) ကားတွေကအရံမင်းသမီး၊ ဒုတိယမင်းသား ချူရန်အဖြစ် SpeXial အဖွဲ့ဝင် Yi Bai Chen/Yi En (English name Ian) တို့ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းအကျဉ်းကတော့…… ရှလင်က အနုပညာအသိုင်းအဝိုင်းက နာမည်သိပ်မရှိတဲ့မင်းသမီးသရုပ်ဆောင်ပါ လင်းရိကျိုးက ကန်တုန်းမြို့ရဲ့ အကြီးဆုံးလင်းကုမ္ပဏီရဲ့ Bossy CEOပါ တနေ့မှာ ရှလင်က ကားမှားစီးပြီး လင်းရိကျိုးနဲ့တွေ့ဆုံခဲ့ပါတယ် ရှလင်က သူ့မှာ Leukemia ရောဂါရှိနေပြီလို့သိလိုက်ရပြီး သူ့ရိုးတွင်းချဉ်ဆီက လင်းရိကျိုးရဲ့ရိုးတွင်းချဉ်ဆီနဲ့တူတယ်လို့သိလိုက်ရပေမယ့် လင်းရိကျိုးကလည်းBossy CEO လို့ပြောတဲ့အတိုင်း ဘယ်သူ့ကိုမှမလှူနိုင်ဘူးပြောလာသောအခါ ရှလင်ဘယ်လိုများဆွဲဆောင်ပြီးပြောလိုက်လို့ နောက်ဆုံးမှာ လင်းရိကျိုးက ရှလင်ကို Let's Get Married လို့ ပြောလိုက်တာလဲ အဲ့နောက်ပိုင်း ဘာတွေ ဘယ်လိုတွေများဆက်ဖြစ်ကြမလဲဆိုတာတော့… မိန်းကလေးတိုင်းကြွေသွားမယ့် ယောကျ်ားလေးတိုင်းသိထားသင့်တဲ့ မရိုးနိုင်သော romantic ပုံစံအကွက်နည်းလမ်းတွေကို လင်းရိကျိုးက ဘယ်လိုများလုပ်သွားမလဲဆိုတာသိချင်ရင် ဒီ Well-intended Love ကိုကြည့်ဖို့လုံးဝ recommended ပါ