Movie Name
Brooklyn (2015)
Year
2015
Generes
Drama, Romance
Code
EN0048
Type
Movie
Size
906 MB
Country
Hollywood
Description
ဒီတစ်ခါတော့ 2015 ခုနှစ်ရဲ့ အော်စကာတန်းဝင်…ရုပ်ရှင်ထူးချွန်ဆုများစွာ ရရှိထားတဲ့ အချစ် ဒရာမာကားလေးနဲ့မိတ်ဆက်ပေးပါရစေ ။ ဒီဇာတ်ကားလေးကို မကြည့်ရသေးတဲ့သူ ဒရာမာ အချစ်ကားနှစ်သက်သူတွေဆိုရင်တော့ လုံးဝကြည့်သင့်ကြောင်း တိုက်တွန်းပါရစေ။ ဇာတ်လမ်းကို 1950 ခုနှစ်မှာ အခြေတည်ထားပြီး အဲ့ဒီ့အငွေ့အသက် ဒီဇိုင်းသွင်ပြင်သံစဉ်တွေက ဇာတ်လမ်းကို အတော်ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဇာတ်လမ်းကတော့ အိုင်ယာလန်နိုင်ငံကနေ အလုပ်ကိုင်အဆင်မပြေလို့ အမေရိကန်ဘရွတ်ကလင်းမြို့ကို ပြောင်းရွေ့နေထိုင်ဖို့ ရောက်လာတဲ့ အိုင်းရစ်သူလေးတစ်ယောက်အကြောင်းပါ။ သူမရဲ့ နှလုံးသားနဲ့ ဘဝအကြောင်းကို ခံစားမှုရသစုံလင်စွာ အနုပညာရသမြောက်စွာ တင်ဆက်ထားပါတယ်။ ဒီဇာတ်ကားဟာ အပြင်လောကမှာ ဖြစ်ပျက်တတ်လေ့ရှိတဲ့ အကြောင်းအရာကို သဘာဝအတိုင်း အပိုအလိုမရှိ ရိုက်ပြထားတာဖြစ်လို့ ဇာတ်လမ်းက သဘာဝကျကျနဲ့ ကြည့်လို့ကောင်းတဲ့ အချစ်ဒရာမာ ကားလေးတစ်ကားဖြစ်ပါတယ်။ IMDB (7.5/10) ရရှိထားပြီး Rotten Tomatoes မှာလည်း (97 %) ထိရထားလို့ တကယ်ကိုကြည့်သင့်တဲ့ ကားကောင်းတစ်ကားပါလို့ပြောပါရစေ …။ (Poe Thinzar Kyaw မှခံစားတင်ဆက်ထားတာပါ။)