-
Movie Name
-
Crazy, Stupid, Love (2011)
-
Year
-
2011
-
Generes
-
Comedy, Drama, Romance
-
Code
-
EN0060
-
Type
-
Movie
-
Size
-
847 MB
-
Country
-
Hollywood
-
Description
-
အရွယ်ရောက်လာတဲ့ယောက်ျားဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ်တော်တော်များများမှာ အိပ်မက်တစ်ခုရှိတယ် ပြီးပြည့်စုံတဲ့ family life တစ်ခုဖန်တီးဖို့ပဲ…ဒါကြောင့်အချစ်စစ်တစ်ခုရှာဖွေတယ် အိမ်ထောင်ပြုတယ်ဒါမှမဟုတ်သင့်တော်တဲ့သူလို့ထင်တဲ့သူနဲ့အိမ်ထောင်ပြုကြတယ်..ပြီးတော့.. မျိုးဆက်လေးတွေမွေးဖွားရင်း သိပ်တော်တဲ့ကလေးတွေအဖြစ်ပြုစုပျိုးထောင်ဖို့ ကြိုးစားအားထုတ်ကြတယ်…အလုပ်တစ်ဖက် သားသမီးတစ်ဘက်နဲ့ဆိုတော့ လင်မယားအကြားဆက်ဆံရေးကိုမေ့လျော့နေမိတတ်တယ်….အနုပညာမြောက်လှပါတယ်ဆိုတဲ့ဆိုတဲ့သီချင်းတစ်ပုဒ်တောင်ဖွင့်ဖန်များ ကြားရဖန်များလာရင် ညည်းငွေ့တတ်တဲ့သဘောရှိတယ်ကျွန်တော်တို့ရဲ့နှစ်သက်ခြင်းကို နှစ်သက်ခြင်းကပဲဖျက်ဆီးသွားတတ်တယ်…..အိမ်ထောင်ရေးမှာလည်း ဒီလိုပဲထင်ပါ့ တစ်ယောက်ရဲ့အပြုအမူတွေဟာ နှစ်သက်ခြင်းကြိမ်ဖန်များစွာဆောင်ခဲ့ပေမဲ့ကြာလာတော့ညည်းငွေ့တတ်တဲ့အဆင့်ရောက်သွားတယ် နှလုံးသားဟာ အဟာရမဲ့လေတော့ ကလေးတွေရဲ့သံယောဇဉ် နှောင်ဖွဲ့ခြင်းအသိအမှတ်ပြုလက်ထပ်စာချုပ်တွေဟာ အဓိပါယ်မဲ့သွားတတ်တယ်….ကျွန်တော်ပြောတာတွေက ယေဘူယျအမှန်တရားဖြစ်နိုင်သလို ချွင်းချက်အမှန်တရားလည်းဖြစ်နိုင်ပါတယ်….ဒီကားလေးက ကလေး ၃ယောက်ရှိတဲ့မိခင်နဲ့မိခင်ကြားအဆင်မပြေပုံတွေနဲ့ မြှာပွေတတ်တဲ့ကောင်လေးတစ်ယောက်အချစ်ကြောင့်ပြောင်းလဲသွားတတ်ပုံလေးကိုရိုက်ပြထားတာပါ…..ကျွန်တော်ပြောတာနဲ့တင်ဒီကားရဲ့Plotကိုသဘောပေါက်လောက်ပြီထင်ပါတယ် ပြီးတော့ ဒီကားက သရုပ်ဆောင်တွေကလည်း နာမည်ကြီးတွေပါပဲ …… Steve Carell,Ryan Gosling,Julianne Moore,Emma Stone,Marisa Tomei,Kevin Bacon …LALALAND က Ryan Goslin နဲ့ ကျော့်အချစ်တော်လေး Emma Stoneလေးတော့အနည်းဆုံးသိကြမယ်ထင်ပါတယ်……ကိုင်းခံစားကြည့်လိုက်ပါဦးဗျ