-
Movie Name
-
Delivery Man ( 2013)
-
Year
-
2013
-
Generes
-
Comedy, Drama
-
Code
-
EN0064
-
Type
-
Movie
-
Size
-
721 MB
-
Country
-
Hollywood
-
Description
-
David Wozniak ဟာ သူ့အဖေ၊အစ်ကိုတွေဦးစီးတဲ့ အသားဆိုင်က သယ်ယူပို့ဆောင်ရေးသမားပါ။ ဘာကိုမှလေးလေးနက်နက်မရှိတဲ့ သူ့အကျင့်ကြောင့် ပိုက်ဆံစုမိတယ်မရှိဘဲ လူဆိုးဂိုဏ်းတစ်ခုမှာတောင် ဒေါ်လာ 80000 လောက်အကြွေးတင်နေပါတယ်။ ဒါ့ကြောင့်လည်း သူ့ကိုယ်ဝန်ကိုလွယ်ထားရတဲ့ အတူနေချစ်သူ Emma က ‘You don’t have a life’ လို့သူ့ကိုခဏခဏပြောလေ့ရှိပါတယ်။ တစ်နေ့ David အလုပ်ကပြန်လာရမှာတော့ sperm bank ကရှေ့နေတစ်ယောက်ကိုသူ့အိမ်မှာတွေ့ရပါတယ်။ ဖြစ်ပုံက……David ဟာကျောင်းသားဘဝမှာ ပိုက်ဆံအတွက် ဆေးခန်းတစ်ခုကို သုတ်ပိုးတွေလှူခဲ့ဖူးပါတယ်။ အကြိမ်ပေါင်း ၆၀၀ကျော်ပြီး ဒေါ်လာ 24,255 ရရှိခဲ့တာပါ။ လှူတုန်းကတော့ Starbuck ဆိုတဲ့အမည်တုနဲ့ဖြစ်ပြီး သူ့ရဲ့ idendity ကိုမဖော်ထုတ်ဖို့ ဆေးခန်းနဲ့စာချုပ်ချုပ်ထားခဲ့တာပါ။ ဖြစ်ချင်တော့ သူလှူထားတဲ့သုတ်ပိုးကတဆင့် သားသမီးပေါင်း ၅၅၃ ယောက်ဖွားမြင်ခဲ့ပါတယ်။ အဲဒီထဲကမှ ၁၄၂ ယောက်က သူတို့ရဲ့ ဖေဖေကြီး Starbuck ဆိုတာဘယ်သူလဲသိချင်လွန်းလို့ တရားဆိုင်ဖို့ပြင်ဆင်လာတာပါ။ David တစ်ယောက် ရှေ့နေလိုင်စင်အသိမ်းခံထားရတဲ့ သူငယ်ချင်း Brett ကိုအကူအညီတောင်းရပါပြီ။ Brett ဆီကနေ သားသမီး ၁၄၂ ယောက်ရဲ့ profile စာရွက် တွေရခဲ့ပြီး David ဟာ တစ်ရွက်ကိုစူးစမ်းစိတ်နဲ့ ကြည့်မိတော့ နာမည်ကြီး Basketball သမားတစ်ယောက်ဖြစ်နေတာတွေ့ရပါတယ်။ David နဲ့ Brett လည်းသူပါဝင်တဲ့ Basketball ပွဲကိုသွားကြည့်လိုက်ကြတယ်။ အဲဒီမှာတင်ပဲ David ဟာဖခင်စိတ်တွေယိုဖိတ်လာပြီး သည်းသည်းသန်သန်အားပေးနေမိတာ Brett ကတောင်တားယူရပါတယ်။ နောက်ပိုင်းမှာ David ဟာ profiles တွေထဲက တစ်ယောက်ချင်းကိုသွားရောက်အကဲခတ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အစကတော့ စပ်စုချင်တာသက်သက်ဖြစ်ပြီး တကယ်လည်းတွေ့ရော ဖခင်တစ်ယောက်ရဲ့တာဝန်ယူလိုမှုတွေနဲ့ သူစွမ်းသမျှအကူအညီလေးတွေကို ပေးနေမိပါတော့တယ်။ သူ့ရဲ့သားသမီးတွေထဲမှာ ဆေးစွဲနေသူပါတယ်။ လမ်းဘေးအဆိုတော်ပါတယ်။ ရောဂါသည်ပါတယ်။ အစုံပါပါတယ်။ တစ်နေ့မှာ သူအကြွေးတင်နေတဲ့လူဆိုးဂိုဏ်းက သူ့ဖခင်ကို ခြိမ်းခြောက်လာတဲ့အခါ David တစ်ယောက် သူလိုနေတဲ့ပိုက်ဆံတွေအတွက် စာချုပ်ချိုးဖောက်မှုနဲ့ ဆေးခန်းကိုတန်ပြန်တရားစွဲဖို့ကြိုးစားပါတော့တယ်……..
Vince Vaughn, Chris Prett, Cobie Smulders တို့ပါဝင်တဲ့ဟာသကားလေးပါ။ 2011 ကထွက်ရှိထားတဲ့ French-Canadian ရုပ်ရှင် Starbuck ကိုပြန်လည်ဆန်းသစ်ထားတာပါ။ နှစ်ကားလုံးက ဒါရိုက်တာ Ken Scott ပါပဲ။ Critics တွေကတော့သိပ်မကြိုက်ကြပေမယ့် Vince Vaughn နဲ့ Chris Prett တို့ကိုတော့ ချီးကျူးကြတာတော်တော်တွေ့ရပါတယ်။ ကျွန်တော့်အတွက်တော့ Vince Vaughn, Steve Carrell, Owen Wilson, Jim Carrey, Will Farrell, Stephen Chow စသူတွေဟာ မျက်နှာမြင်တာနဲ့ကို ဟာသမြောက်နေတာကြောင့်ဒီကားမှာလည်း ရယ်မောဖို့သိပ်အားစိုက်မနေရပါဘူး။ ဒီကားလေးရဲ့ရည်ညွှန်းချက်ကိုပြောပါဆိုရင်တော့ ဖခင်မေတ္တာပဲဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာပြောလေ့ရှိကြတာက အမျိုးသမီးတွေဟာ မိခင်စိတ်အရင်းခံရှိတဲ့အတွက် ယောကျာ်းတွေနဲ့ယှဉ်ရင်ပိုပြီး ကြင်နာသနားတတ်ကြတယ်တဲ့။ မိန်းကလေးတွေမှာမိခင်စိတ်ရှိတယ်ဆိုရင် ယောကျာ်းလေးတွေမှာလည်းဖခင်စိတ်အခံ ရှိနေပါလိမ့်မယ်။ ဖခင်တစ်ဦးရဲ့တာဝန်ယူလိုစိတ်၊ ကာကွယ်လိုစိတ်တွေဟာ ကျွန်တော်တို့အသင့်မဖြစ်ခင်မှာတောင် ပေါ်ပေါက်လာနိုင်တယ်လို့ ယုံကြည်မိပါတယ်။ ဒီရက်ပိုင်းကြည့်ဖြစ်တဲ့ Instructions not included ထဲက Eugene Derbez, အခုဒီကားထဲက Vince Vaughn တို့ကလည်း ဒါကို ဖော်ကျူးပြနိုင်ခဲ့ကြပါတယ်။
Delivery Man Download Link
(အညွှန်းကို Myanmar Techno Libraryမှ ကူးယူဖော်ပြသည်)
@joker