-
Movie Name
-
Diary Of Wimpy Kid Rodrick Rules (2011)
-
Year
-
2011
-
Generes
-
Comedy, Family
-
Code
-
EN0067
-
Type
-
Movie
-
Size
-
712 MB
-
Country
-
Hollywood
-
Description
-
ဒီဇာတ်ကားလေးဟာ စာရေးဆရာ Jeff Kenny ရဲ့ကလေးဝတ္တ္တုလေးတွေကို ရုပ်ရှင်အဖြစ်ပြန်လည်အသက်သွင်းထားတဲ့ဇာတ်ကားလေးတွေထဲမှတစ်ကားဖြစ်ပြီး IMDB Rating 6.6 ထိရရှိထားပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ထုံးစံအတိုင်း ဂရက် နဲ့ ရော့ဒရစ် ညီအကိုနှစ်ယောက်ရဲ့ ကတောက်ကဆမှုတွေနဲ့ပဲ ပတ်သက်ပြီးအစပျိုးထားပါတယ်။နောက်ပြီး ဂရက် တို့ကျောင်းကိုအသစ်ပြောင်းလာတဲ့ ပေါ်ပြူလာအဖြစ်ဆုံးဘက်စုံထူးချွန်တဲ့ကျောင်းသူလေး ဟိုလီ သူကလည်း ဂရက်သာ မက အားလုံးကစိတ်ဝင်စားခြင်းခံရသူပါ။
ဂရက် ဟာလည်း အိမ်မှာတင်မကပဲ ကျောင်းအထိပါ ရော့ဒရစ် ရဲ့ လွှမ်းမိုးမှုကြောင့် ကျောင်းမှာပါအဆင်မပြေမှုတွေကြုံရတယ်ဟုယူဆကာ မိသားစုအပေါ်အမြင်မကြည်ခဲ့ပါဘူး။ဒီပြသနာတွေကို အဆင်ပြေစေဖို့ သူတို့မိဘတွေက နှစ်ယောက်ပူးတွဲလုပ်ဆောင်ရမဲ့ကိစ္စတွေကိုတာဝန်ပေးခဲ့ပေမဲ့လည်း ခဏတာပဲအဆင်ပြေခဲ့ပြီး နားလည်မှုလွဲမှားကြကာပြန်မသင့်မမြတ်ဖြစ်ခဲ့တာကြောင့် နှစ်ယောက်စလုံး သူတို့ရဲ့အဖိုးရှိတဲ့ အငြိမ်းစားဂေဟာကိုသွားနေဖို့ဒဏ်ပေးခြင်းခံရတဲ့နောက်မှာတော့ ဂရက်တစ်ယောက် ဘယ်လိုအကြံစည်တွေ ဘယ်လိုမိတ်ဆွေသစ်တွေရခဲ့ပြီး ဒီပြသနာတွေကိုဖြေရှင်းမလဲဆိုတာ ကိုဇာတ်ကားလေးမှာပဲဆက်လက်ကြည့်ကြပါခင်ဗျာ။