Movie Name
Escape To Victory (1981)
Year
802
Generes
Sport
Code
EN0080
Type
Movie
Size
1981 MB
Country
Hollywood
Description
CM မှ classic ပရိတ်သတ်တွေအတွက် Old but gold ဇာတ်လမ်းလေးတစ်ခုတင်ပေးလိုက်ပါပြီ Escape to Victory ထွက်ပြေးလွတ်မြောက်မှုမှသည် အောင်ပွဲဆီသို့ လို့ဘာသာပြန်လို့ဆီလျော်မယ်ထင်ပါတယ် ဒုတိယကမ္ဘာစစ် ကာလ ဂျာမန် စစ်သုံ့ပန်း အလုပ်ကြမ်းစခန်းမှာ အင်္ဂလန် နဲ့ ဝက်စ်ဟမ်းယူနိုက်တက် ကစားသမားတစ်ယောက်ဟာ သူ့ကိုသိနေတဲ့ စခန်းကိုခဏလာတဲ့ ဂျာမနီ လက်ရွေးစင်ဟောင်းဗိုလ်မှူးတစ်ယောက်နဲ့ တွေ့ဆုံခဲ့ပါတယ် သူတို့စကားစပ်မိကြတဲ့အခါ ဘောလုံးပွဲတစ်ပွဲကစားဖို့ပြောဖြစ်ခဲ့ပါတယ် စခန်းမှာက နိုင်ငံစုံကစစ်သုံ့ပန်းတွေထဲမှာလဲ ကစားသမားကောင်းတွေ ရှိနေပါတယ် . . . အမေရိကန်ကွန်မန်ဒို တစ်ယောက်ဖြစ်တဲ့ ရပ်ဘီ ကစားသမားဟက်ချ် တစ်ယောက်ဟာ အမြဲထွက်ပြေးလွတ်မြောက်ဖို့ကြံစည်နေတဲ့ သူတစ်ယောက်ပါ သူထွက်ပြေးဖို့စီစဉ်နေတဲ့အချိန် မှာ ဘောလုံးအသင်းနဲ့ ဘယ်လိုသက်ဆိုင်နေသလဲ. . . ဘောလုံးပွဲကလည်း ချစ်ကြည်ရေးပွဲအနေအထားကနေ ဂျာမန်အထက်အရာရှိတွေက ဘယ်လိုစီစဉ်အသုံးချလိုက်မလဲ . . . သုံ့ပန်းတွေထဲက တာဝန်ရှိတဲ့ စီနီယာ အရာရှိတွေနဲ့ ဘောလုံးအသင်းထိပ်တိုက်တွေမှုတွေကဘာတွေရှိနေမလဲ . . . ဘောလုံးပွဲ တစ်ပွဲဆိုတာ ဘောလုံးပွဲဆိုတာထက်ပိုတဲ့ အကြောင်းတရားတွေရှိနေမလဲ . . . စတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေ အလှည့်အပြောင်းတွေ ရန်သူဖြစ်နေပေမဲ့ တကယ့်အားကစားသမားစိတ်ဓါတ်ရှိတဲ့သူတွေ လက်အောက်ငယ်သားကိုနားလည်ပေမဲ့ ရေရှည်အတွက် အမုန်းခံ အတိုက်အခံလုပ်ရတာတွေ စွန့်လွှတ်မှု စွန့်စားမှု ကြိုးစားမှု စည်းလုံးမှုတွေကို ကြည့်ရှုရမှာပါ အရင်ခေတ် ကာလက effect တွေမသုံးပဲ ကွင်းထဲမှာတကယ်ကစားကြပုံတွေ အပြင်လောက မှာ တကယ့်နာမည်ကြီးဘောလုံးသမားတွေဖြစ်တဲ့ % buffered 00:00 -00:03 Download Your browser does not support the video tag. မိုက်ကယ် ကိန်း ပီလီ ဘော်ဘီမိုး အော့်စ်ဗယ်လ်ဒို မိုက် ဆမ်းမားဘီး တို့ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားမှုတွေကို မြင်တွေ့ခံစားရမှာပဲဖြစ်ပါတယ်။ ဂျာမန်ဘာသာစကားပြောတချို့နေရာတွေမှာ subtitle မပါတဲ့အတွက် ဖြည့်စွက်နားလည်ပေးကြပါဦး ( တစ်ကြောင်းနှစ်ကြောင်းပါ ) ပြင်သစ်ဘာသာစကားနေရာတွေကိုလဲ သေချာလေ့လာပြန်ပေးထားပါတယ် လိုအပ်ချက်တစ်စုံတစ်ရာရှိခဲ့ရင် ဘာသာပြန်သူ ကျနော် Yewai Lynnhtut ရဲ့လိုအပ်ချက်သာဖြစ်ပါတယ်ခင်ဗျ။