-
Movie Name
-
Ghost (1990)
-
Year
-
1990
-
Generes
-
Drama, Romance
-
Code
-
EN0088
-
Type
-
Movie
-
Size
-
898 MB
-
Country
-
Hollywood
-
Description
-
ချစ်တတ်တဲ့သူတိုင်းခံစားတတ်မှာပါ
1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Ghost ဆိုတဲ့
ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်
အော်စကာ ဆုလည်း ၂ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ဇာတ်ကားလေးပါပဲ
ဒါရိုက်တာ Jerry Zucker က ရိုက်ကူးထားပြီး
မင်းသားကြီး Patrick Swayze နဲ့ မင်းသမီး Demi Moore
% buffered
00:03
-00:02
Download
Your browser does not support the video tag.
တို့တွဲဖက်ရိုက်ကူးထားတဲ့ အချစ် နဲ့ ရိုမန့်ဆန်ဆန်
သရဲဇာတ်ကားတစ်ကားဖြစ်ပါတယ်…2009 ခုနှစ်မှာသေဆုံးသွားပြီဖြစ်တဲ့
Patrick Swayze ရဲ့ အလွမ်းပြေကြည့်ရမယ့်ဇာတ်ကားပါ
ဇာတ်လမ်းအကျဉ်းကတော့ …အရမ်းချစ်ကြတဲ့ ဆမ်နဲ့မော်လီ တို့
ဇနီးမောင်နှံနှစ်ယောက်မှာ
သူငယ်ချင်း ကားလ် ဆိုတဲ့သူတစ်ယောက်ရှိပါတယ်.
.နှစ်ယောက်လုံးကလည်းကားလ် အပေါ်မှာ
ယုံကြည်ကြပါတယ်..တစ်နေ့မှာ ဆမ်က သူ့ရဲ့ စုထားတဲ့
ဘဏ်ငွေစာရင်းမှာ အမေရိကန်ဒေါ်လာ
လေးသန်းရှိကြောင်းကို ကားလ်ကို ယုံယုံကြည်ကြည်နဲ့ပြလိုက်ပါတယ်.
.အဲ့နေ့ညမှာပဲ ဆမ်နဲ့မော်လီ
ရုပ်ရှင်သွားကြည့်ရာမှ အပြန် အကြမ်းဖက်လုယက်သူတစ်ဦးနဲ့
တွေ့ဆုံခဲ့ပြီး ဆမ်က ပြန်လည်ခုခံရင်းနဲ့
အကြမ်းဖက်သမားရဲ့ သေနတ်ကျည်ထွက်ပြီး ဆမ် သေဆုံးခဲ့ရပါတယ်..
အဲ့ဒီ့နောက်မှာတော့ဆမ် က သူ့ဇနီးမော်လီ အနားမှာ
နေချင်တဲ့စိတ်တွေကြောင့်ကောင်းကင်ဘုံကိုမတက်နိုင်ပဲ ရှိနေပါတယ်
ဝိညာဉ်ဘဝမှာ သင်ယူစရာတွေ..တတ်မြောက်စရာတွေနဲ့အတူ
သူ့ဇနီးမော်လီကိုလည်းဆက်စောင့်ရှောက်နေရင်းက
သူသေခဲ့ရတဲ့အကြောင်းအရင်းကိုသိရှိခဲ့တယ်.
သူသေရတဲ့အကြောင်းအရင်းနောက်မှာ
သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ကားလ် ပါဝင်နေတာကို
သိရှိလိုက်ရတဲ့အချိန်မှာ ဆမ်ဘယ်လိုခံစားရမလဲ
သူချစ်ရတဲ့မော်လီကိုရော..ဘယ်လိုကာကွယ်မလဲဆိုတာ
ဆက်လက်စောင့်ကြည့်ပါ….
ဘာသာပြန်သူ Nu Mon ဖြစ်ပါတယ်
Review & Encoder : LK