-
Movie Name
-
God’s Not Dead(2014)
-
Year
-
2014
-
Generes
-
Drama
-
Code
-
EN0090
-
Type
-
Movie
-
Size
-
808 MB
-
Country
-
Hollywood
-
Description
-
God’s not dead ဒီကားလေး ဟာ နာမည် နဲ့ လိုက်အောင်ပဲ ဘာသာရေး ဇာတ်ကား လေးပါ။ အဓိက ကတော့ ခရစ်ယာန် ဘာသာရေး ဇာတ်ကား လို့ ပြောလို့ရပါတယ်။ ခရစ်ယာန် ဘာသာရေး ကားဆိုပေမယ်လို့ ဒီကားမှာ လူသား တစ်ဦး ရဲ့ သူ ၏ ကိုးကွယ် ရာ ဘုရား ကို သက်ဝင် ယုံကြည်မှု, ဘုရား အပေါ်ယုံကြည်မှု နဲ့ ကိုယ့် ကိုယ်တွင်း သန္တာန် က စိတ် ခွန်အား ဆက်စပ်ပုံ, တွေကို ချပြထားတာကြောင့် ဘယ်ဘာသာဝင်မဆို ကြည့်ဖို့ အဆင်ပြေ ပါတယ်။ ဇာတ်အိမ်ကိုတော့ ခရစ်ယာန် ဘာသာဝင် ဘာသာတရား ကိုင်းရှိုင်းတဲ့ ကောလိပ် ကျောင်းသားလေးတစ်ယောက်နဲ့ ဘာသာမဲ့ ဆရာ တို့ရဲ့ အားပြိုင်မှုလေးနဲ့ စိတ်ဝင်စားဖွယ် ဇာတ်အိမ် တည်ထားပါတယ်။
Josh Wheaton ဟာ စိတ္တဗေဒ အတန်း တစ်တန်း ကို တက်နေရတဲ့ ကျောင်းသား တစ်ဦးဖြစ်ပြီး သူတို့ဆရာ က ဘာသာမဲ့ တစ်ဦးဖြစ်တဲ့ Jefferey Radisson ပါ။ Jefferey ဟာ သူ့ တပည့်တွေကို “ဘုရားသခင်သေပြီ” “God is dead” ဆိုတဲ့ စာတမ်း တစ်ခု ကို လက်မှတ် ရေးထိုး သဘောတူခိုင်းရာက စပါတယ်။ ဘုရားသခင် ကို အယုံအကြည် မရှိကြောင်း ပါ။ ဒါကို လက်မခံ သူက Josh။ ဆရာနဲ့ ထိပ်တိုက်တွေ့ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ ဆရာက လည်း Josh နဲ့ စကားနိုင်လုပွဲ လုပ်ဖို့ လက်ခံ လိုက်ပါတယ်။ အနိုင်အရှုံးကို အခြားကျောင်းသားတွေက ဆုံးဖြတ်ပေးရမှာပါ။ ဆရာ တပည့် နှစ်ယောက်ရဲ့ အချေအတင် စကားတွေ ဥပမာလေးတွေ က အဓိပ္ပါယ် ရှိလှပြီး ဘယ်ဘာသာဝင်မဆို နဲ့ သက်ဆိုင် တဲ့ စကားတွေ ပါ ပါတယ်။ ဘယ်သူ က ဘယ်အချက် မှာ နိုင်သွားမယ် ဆိုတာ ကတော့ သိပ်စိတ်ဝင်စားစရာ ကောင်းနေပါတယ်