Movie Name
Hawking (2004)
Year
2004
Generes
Biography, Drama
Code
EN0093
Type
Movie
Size
704 MB
Country
Hollywood
Description
စကြဝဠာကြီးမှာအစဖြစ်စဉ်ရှိတယ်ဆိုတာ သင်သိပါသလား Big Bang ဆိုတဲ့ပေါက်ကွဲမှုကြီးအပြီးမှာ စကြဝဠာကြီးကဘယ်လိုစတင်ဖြစ်ပေါ်လာခဲ့တာလဲ ကြယ်တွေကြွေကျတဲ့အခါ စကြဝဠာထဲမှာ ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိနိုင်သလဲ အစရှိတဲ့သင်မသိသေးတဲ့ စကြဝဠာကြီးရဲ့စိတ်ဝင်စားဖွယ်အဖြစ်အပျက်တွေကို အသက် 21နှစ်သာရှိသေးတဲ့ သွပ်ချာပါဒအကြောသေရောဂါသည် စတီဖင်ဟော့ကင်းဆိုသူ စကြဝဠာဗေဒပညာရှင်လေးက သီအိုရီပေါင်းများစွာထုတ်ထားခဲ့ပါတယ် နယူတန်တို့ အိုင်းစတိုင်းတို့နောက်ပိုင်းခေတ်မှာ ပေါ်ပေါက်လာတဲ့ စကြဝဠာဗေဒပညာရှင်လေး စတီဖင်ဟော့ကင်းရဲ့ဘဝဖြစ်စဉ်နဲ့ ဘဝကိုသူဘယ်လိုရုန်းကန်ခဲ့ရလဲဆိုတာတွေကို Hawking ဆိုတဲ့ရုပ်ရှင်လေးထဲမှာ ရှုစားနိုင်ပါတယ် ဒီကားလေးကိုကြည့်ပြီးလို့ သီအိုရီတွေတစ်ခုမှနားမလည်ရင်တောင်မှ ဘဝကိုဘယ်လိုအခြေအနေပဲရောက်ရောက် အရှုံးမပေးဘဲကြိုးစားချင်တဲ့စိတ်လေးတော့ပေါ်လာမှာသေချာပါတယ် ဇာတ်လမ်းကအတော်အေးပြီး သီအိုရီတွေအတွေးအခေါ်တွေနဲ့ပဲတစ်ကားလုံး ဆွဲခေါ်သွားမှာဖြစ်လို့ ဖီးလ်သမားတွေအတွက်ပိုအဆင်ပြေမဲ့ကားမျိုးပါ မင်းသားကကျနော်အကြိုက်ဆုံး Sherlock မင်းသား Benedict Cumberbatch ဆိုတော့ ပြောရရင်မင်းသားထိုင်ကြည့်ရတာနဲ့တန်နေတာ ငိငိ 2014 မှာထွက်ခဲ့တဲ့ Eddie Redmayne ရဲ့ The Theory of Everything နဲ့ဇာတ်လမ်းကျောရိုးတူပေမဲ့ Hawking မှာတော့ သီအိုရီပိုင်းကိုပိုဦးစားပေးထားတာတွေ့ရမှာပါ ကျန်တာတော့ကိုယ်တိုင်ကြည့်ပြီးဆက်ဝေဖန်ကြပေါ့ဗျာ အညွှန်းနဲ့ဘာသာပြန်သူကတော့ Zon Myat Noe Swe ဖြစ်ပါတယ်