Movie Name
Hugo (2011)
Year
2011
Generes
Drama, Family
Code
EN0103
Type
Movie
Size
802 MB
Country
Hollywood
Description
ဒီတစ်ခါတော့ 2011 ကထွက်ခဲ့တဲ့ အင်္ဂလိပ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ Hugo ဆိုတဲ့ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ် ဒီကားလေးကတော့ 1930 ခုနှစ်ဝန်းကျင် ပဲရစ်မြို့ကမီးရထားဘူတာရုံလေးမှာ တစ်ယောက်တည်းနေခဲ့တဲ့အသက် 12 နှစ်အရွယ် ဟူဂိုဆိုတဲ့ မိဘမဲ့ကောင်လေးတစ်ယောက်အကြောင်းကို ရိုက်ပြထားတာပါ သူ့အဖေမုဆိုးဖိုကတော့ မသေခင်ထိ နာရီပြင်တဲ့အလုပ်ကိုလုပ်ကိုင်ခဲ့သူပါဟူဂိုဟာ သူ့ဖခင်ဆီက အဲပညာကိုအမွေဆက်ရခဲ့ပါတယ် သူဟာ ဘူတာရုံနာရီစင်ကြီး ပုံမှန်လည်ပတ်ဖို့ကို လုပ်ကိုင်ရင်းနေထိုင်ခဲ့တာပါ သူ့အဖေမသေဆုံးခင်မှာ သူ့ကိုထားပေးခဲ့တဲ့ စက်ရုပ်လေးတစ်ရုပ်ရှိပါသေးတယ် အဲစက်ရုပ်လေးမှာ အထူးပြုလုပ်ထားတဲ့သော့လေးမရှိရင် ဘာမှအလုပ်မလုပ်နိုင်ပါဘူး ဟူဂိုက သေဆုံးသွားတဲ့ သူ့အဖေနဲ့ပတ်သက်တဲ့ မယ်မိုရီတွေကို သိနိုင်ဖို့ သော့လေးကိုရှာဖို့ လိုတယ်ဆိုတာ သိလာတဲ့တစ်နေ့ ဟူဂိုတစ်ယောက်ဘာတွေ ဆက်လုပ်မလဲ ဘာတွေကြုံရမလဲ သူလိုချင်တာကို နောက်ဆုံးမှာ ရနိုင်ပါ့မလားဆိုတာကိုတော့ဇာတ်လမ်းအပြည့်အစုံကို ကြည့်ရှုအားပေးကြပါလို့ မှော်ဆန်ဆန် ဆန်းကြယ်ဖြစ်ရပ်ဇာတ်ကားလေးတွေကိုရူးသွပ်ကြတဲ့ ပရိသတ်တွေ တကယ့်ကိုအကြိုက်တွေ့စေမယ့်ဇာတ်ကားလေးလို့ ညွှန်းပေးပါရစေ