-
Movie Name
-
Jamesy Boy
-
Year
-
2014
-
Generes
-
Biography, Drama
-
Code
-
EN0109
-
Type
-
Movie
-
Size
-
802 MB
-
Country
-
Hollywood
-
Description
-
ကလေးဘဝထဲက ရန်တွေဖြစ်ပြီး အမှုတွေ ရဲမှတ်တမ်းတွေရှိတဲ့ ကောင်လေး James Burns သူ့ရဲ့ပြစ်မှုအတွက် တရားရုံးက အာမခံအခြေအနေနဲ့ ရှိနေတုန်းမှာ Crystal နဲ့ Drew တို့နဲ့ စတိုးဆိုင်မှာ ပစ္စည်းတွေအလစ်သုတ်တာ ဝင်ပါမိရာက စပြီး သူငယ်ချင်းတွေဖြစ်သွားကြတယ်
Crystal နဲ့ ရည်းစားတွေဖြစ်သွားကြပြီး Crystal ကနေတစ်ဆင့် ဒုစရိုက်လုပ်ငန်းတွေ လုပ်တဲ့ Roc နဲ့ဆက်သွယ်မိပြီးတော့ Roc ခိုင်းတာတွေ လုပ်ဖို့ အိမ်ကနေ အပြီးထွက်လာခဲ့တယ် နောက်တော့ Crystal ရဲ့ ဇာတ်ရှုပ်တွေကြောင့်ရော Roc ရဲ့ ဖောက်သည်တစ်ယောက်ကို ပြသနာရှာမိတာကြောင့်ရော စတိုးဆိုင်က ကောင်မလေး Sarah နဲ့လည်း ရည်းစားတွေ ဖြစ်သွားကြတာကြောင့် James တစ်ယောက် အဖွဲ့ထဲက ထွက်ဖို့ ဆုံးဖြတ်ခဲ့တယ် သူအဖွဲ့က မထွက်ခင် နောက်ဆုံးတစ်ခေါက် အနေနဲ့ Roc က သေနတ် အရောင်း အဝယ် လုပ်ပေးဖို့ ပြောခဲ့တဲ့အတွက်နောက်ဆုံး တစ်ခေါက် အဖြစ်လုပ်ပေးဖို့ သွားခဲ့တဲ့ အချိန်မှာ. . . .
တကယ်တော့ ဒီဇာတ်ကားမှာ James Burns က လုံခြုံရေး အတင်းကျပ်ဆုံး ထောင်ထဲ မှာရောက်နေပြီးတော့ သူထောင်ထဲမှာရှိနေတဲ့ အခြေအနေနဲ့ ထောင်ထဲ ဘယ်လိုရောက်လာရလဲ ဆိုတဲ့ အကြောင်းကို တစ်ချိန်ထဲမှာ ယှဉ်ပြီးပြသွားတဲ့ ကားမျိုးဖြစ်ပါတယ် ထောင်ထဲမှာလဲ ကိစ္စလေးတွေ အမျိုးမျိုး ဖြစ်ပြီးတော့ ထောင်သား အချင်းချင်းပြသနာတွေနဲ့ James ဘာတွေဆက်လုပ်သလဲ James ဟာ တကယ်ကို ဆိုးသွမ်းတဲ့သူတစ်ယောက် ဟုတ်သလား မဟုတ်သလားဆိုတာ James တစ်ယောက် သူ့ချစ်သူ Sarah နဲ့ ပြန်ဆုံစည်းရမလား ဆိုတာ ကတော့ ဇာတ်ကားလေးကို ဆက်လက် ရှုစားရင်း အဖြေရှာကြပါကုန်