Movie Name
Love The Coppers (2015)
Year
2015
Generes
Drama, Romance
Code
EN0341
Type
Movie
Size
805 MB
Country
Hollywood
Description
IMDb rating 5.7/10(Voting-7886) ရရှိထားတဲ့ အိမ်ထောင်ရေးဇာတ်ကားလေးဟာ ဇာတ်ကားရဲ့ ဇာတ်ကြောင်းကို တယောက်ယောက်ကပြန်ပြောပြနေတဲ့ပုံစံမျိုးလေးရိုက်ကူး ထားပြီး ပထမဦးစွာ ဘဲ ဇာတ်ကားဟာ အိမ်ထောင်ရေးအသားပေးဇာတ်ကားမျိုးဖြစ်လို့ လိင်အသားပေးအခန်းတွေ ပါရှိနေကြောင်းကိုကြိုတင်ပြောပြထားပါရစေ။ မိဘတွေအနေနဲ့လည်း ဒီ Love The Cooper ဇာတ်လမ်းလေးကိုသိထားသင့်တယ် လို့ ပြောပြပါရစေ။ဒီဇာတ်ကားထဲမှာတော့ အရွယ်ရောက်ပြီးသူတယောက်ရဲ့ အထီးကျန်ခြင်း၊အလုပ်အကိုင်အဆင်မပြေခြင်း၊အိမ်ထောင်ရေးပြသနာများ စိတ်ပျက်အားငယ်ခြင်းများကိုပေါ်လွင်အောင်ရိုက်ပြထားပြီး အိမ်ထောင်တခုတည်ထောင်ဖို့ နားလည်မှု လိုအပ်ပုံတွေကိုပါ ထောက်ပြထားတာကိုတွေ့ရပါတယ်။ ဇာတ်လမ်း အကျဉ်းကတော့ Copper မျိုးဆက်ရဲ့ ၃ဆက်မြောက် Copper ရဲ့ ခရစ္စမတ်ပွဲလေးမှာ မထင်မှတ်ထားတဲ့ ဧည့်သည်တွေရောက်ရှိလာတဲ့ အခါမှာတော့ ဘာတွေဆက်ဖြစ်ပျက်မလဲ ဘယ်လို ဟာသတွေကို ကြည့်ရှူခံစားရမလဲဆိုတာကိုတော့ ဆက်လက်ဒေါင်းယူကြည့်ရှူကြပါဗျာ။ (ဇာတ်ကားထဲမှာအသုံးပြုထားတဲ့ Dialogue တွေက အောက်လုံးတွေပါတာရယ် အနမ်းခန်းတွေက ကြမ်းလွန်းတာကြောင့် အနောက်နိုင်ငံတွေမှာတော့ ဒီဇာတ်ကားကို 16+ တွေသာကြည့်ရှူဖို့ခွင့်ပြုပေးထားပါတယ်)